Part-1

10.1K 443 75
                                    

Unicode

" အင်း ဘာဖတ်ရင်ကောင်းမလဲ? အများကြီးပဲ၊
ငါ BL Fic တခါမှမဖတ်ဖူးဘူးဆိုတော့ အဲ့တာပဲ
ရွေးပြီး ဖတ်ကြည့်ရမယ်၊ ကဲ ရှာစမ်း "

ဒီအသံကတော့ Fic ဖတ်ဖို့ Website ကနေ
Fic ရှာနေတဲ့ Fic ဖတ်ရတာ ကြိုက်နှစ်သက်သူလေး ကင်ထယ်ယောင်း၏အသံပေါ့ ။ ထယ်ယောင်းက အမြဲတမ်း ညဘက်ဆို ဖုန်းတလုံးနဲ့
အလုပ်ဖြစ်ပြီး Fic တွေ ဖတ်လေ့ရှိသည်။

တခါတလေဆို Fic ထဲ Feel ဝင်သွားကာ
မနက်လင်းမှ ပြီးတတ်လို့ ကျောင်းနောက်ကျ
ရတာကလည်း ခပ်များများ၊ Fic ဖတ်ရတာ
ဘယ်လောက်တောင် ကြိုက်နှစ်သက်လဲဆိုရင်
ကျောင်းပိတ်ရက်တွေဆိုရင် ထမင်းမေ့ ၊ဟင်းမေ့ ဖြစ်တဲ့အထိကို ဖတ်တတ်သည် ။

အခုကတော့ တခါမှ မဖတ်ဖူးတဲ့ BL Fic ကို
ဖတ်ဖို့ စိတ်က လှုံ့ဆော်နေတာကြောင့်
ထယ်ယောင်း ရှာနေခြင်းဖြစ်သည် ။နောက်ဆုံးတော့ ဟိုရှာဒီရှာရှာရင်း သူကြိုက်လောက်မဲ့
BL Fic ကို တွေ့သွားတာမို့ ထယ်ယောင်း
ဝင်ဖတ်ဖို့ပြင်လိုက်သည် ။

" Aplha And Omega Love ဆိုပါလား၊
စိတ်ဝင်စားစရာပဲ၊ ကဲကဲ ဖတ်မယ် "

ထယ်ယောင်းက အရင်တုန်းက BLတော့ မဖတ်ပေမဲ့  Normal ကိုမှ Werewolf Style မျိုးတွေ
ဖတ်ဖူးတာကြောင့် ဘာများကွဲပြားတာရှိလည်း ဆိုပြီး ဖတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆုံးဖြတ်လိုက်တဲ့ ထယ်ယောင်း၏ဆုံးဖြတ်ချက်ကလည်း လုံးဝမမှား၊ Fic က အရမ်းကိုဖတ်လို့ကောင်းနေသည် ။

ဖတ်လို့ကောင်းတာမှ တပိုင်းပြီးတပိုင်းကို
လက်မလွှတ်ချင်၊ တချက်တချက် Fic ထဲကို စီးမျောသွားပြီး ဇာတ်လမ်းထဲက ဇာတ်နာတဲ့နေရာမှာ ပါဝင်ထားတဲ့ Beta လေးကို
သနားကာ မျက်ရည်တွေပင် ပိုးပိုးပေါက်ပေါက်
ကျနေရ၏။

Alpha နှစ်ယောက်သည် သူတို့ Omega လေးက
Beta လေးကို ကြိုက်နေလို့မနာလိုပြီး သူ့ဟာသူ
အေးဆေးနေနေတဲ့ Beta လေးကို သတ်တဲ့
နေရာမှာဆိုရင် ထယ်ယောင်းတယောက်
ဝမ်းနည်းမှုတွေရော၊ Fic ထဲရှိ Alpha နှစ်ယောက်ကိုပါ ထသတ်ချင်တဲ့စိတ်တွေ ရောယှက်နေသည်။ Beta လေးက အဓိက ဇာတ်ကောင်
မဟုတ်ပေမဲ့ ကြားထဲက အလကားသေသွားရသော Beta လေးနေရာမှာ ဝင်ခံစားရင်း
ထယ်ယောင်း ကြေကွဲနေရသည်။

Alpha And Beta Love (Ongoing)Where stories live. Discover now