Part-4

2.5K 276 32
                                    

Unicode


" ငါတော့ ဒီနှစ်ရေကူးချန်ပီယံဆု ရကိုရစေရမယ် "

" ပုကျိ ဘာတွေပြောနေတာလဲ? "

ဂျီမင်းပြောတာတွေကို နားမလည်တဲ့
ထယ်ယောင်းက သိချင်စိတ်ဖြင့်မေးလိုက်မိသည် ။

" ထယ်ယောင်း မင်းဒီတခါလည်းမေ့နေပြန်တာလား?"

" အေးလေ..မင်းပြောတာက အစမရှိအဆုံးမရှိနဲ့သေချာပြော "

" ကျောင်းက နှစ်တိုင်းရေကူးပြိုင်ပွဲလုပ်တယ်လေ..အဲ့တာ မနှစ်ကဝင်ပြိုင်ပေမဲ့ ချန်ပီယံဆုကို  မဆွတ်ခူးနိုင်ခဲ့ဘူး...အဲ့တော့ဒီနှစ်မှာ ဝင်ပြိုင်ပြီး
သေချာပေါက် ချန်ပီယံဆုကိုယူမယ်လို့ပြောတာ"

" အဲ့တာလေးများ ဘာများထူးခြားတာကျလို့ "

" ဘာလို့မထူးခြားရမှာလဲ၊ အဲ့ရေကူးပြိုင်ပွဲကိုသာ နိုင်ရင် ကျောင်းမှာရှိတဲ့ Omega.. Beta လေးတွေရဲ့ အာရုံစူးစိုက်မှုကို ခံရမှာပေါ့.. အဲ့လောက်ကို ရေကူးပြိုင်ပွဲက နာမည်ကြီးတာ..နှစ်စဉ်နှစ်တိုင်းလုပ်တာလည်း ပါလို့ပေါ့"

^ ဒီလိုကျတော့လည်း မဆိုးဘူးပဲ..ငါသာ ဝင်ပြိုင်လို့ ချန်ပီယံဆုရသွားရင်..အနားမှာ Omega.. Beta အလှလေးတွေ ဝိုင်းနေမှာ သေချာတယ်..^

" ဟေ့..ပုကျိ ငါဝင်ပြိုင်မယ် "

" ဟမ်..ထယ်ယောင်း မဖြစ်ဘူးနော် "

" ဘာလို့လဲ..ဘာလဲ ငါဝင်ပြိုင်တာကို ပုကျိက
မကြိုက်ဘူးလား? "

" ဟာ ဘယ်ကသာ..မင်းက ရေမကူးတတ်ဘူးလေ"

^ ဟမ်!! ရေမကူးတတ်ဘူး..^

ဟာ..ချီး..! ရုတ်တရက်ဆိုတော့ Beta ထယ်ယောင်းက ရေမကူးတတ်ဘူးဆိုတာ ထယ်ယောင်း မေ့သွားပါ၏။ သူ့အားမယုံသင်ကာဖြင့် ကြည့်နေသော ပုကျိကိုသွားလေးတချက်ဖြဲပြပြီး

" ဟဲဟဲ.. ပုကျိ ငါ့ကိုစိတ်မပူနဲ့နော်..ငါရေကူးသင်ပြီးပြီ "

" ဟမ်! ဘယ်တုန်းက? "

" အာ.. ပုကျိကလည်း ရှည်လိုက်တာ..ရေကူးသင်ပြီးပြီဆို ပြီးပြီပေါ့၊ ကဲကဲ..ရေကူးပြိုင်ပွဲအတွက်စာရင်းသွားပေးကြမယ်လေ "

" ဟာ..ထယ်ယောင်း "

သူ့လက်ကို ဆွဲကာခေါ်သွားနေတဲ့ ထယ်ယောင်းကို ခေါ်လိုက်တော့လည်ပြန်ကြည့်ကာ

Alpha And Beta Love (Ongoing)Where stories live. Discover now