Part-6

2.3K 262 40
                                    

Unicode

ထယ်ယောင်း ‌ပြေးရင်းနှင့်ပင် ခလုတ်တိုက်မိသွားသည်။ မြေပြင်ပေါ်မှာ ခြေထောက်နာသွားကာ မထနိုင်တဲ့ ထယ်ယောင်းဆီသို့ ထိုAlpha လူစိမ်းချည်းကပ်လာတော့၏။

ထယ်ယောင်း ကြောက်လန့်နေ‌ပေမဲ့ ဒီလိုAlpha တကောင်ကို အခုလက်ရှိမှာ သူပဲရင်ဆိုင်ဖို့ရှိသည်။ ပတ်ဝန်းကျင်ကို ကြည့်တော့လည်း ညဉ့်နက်နေသောကြောင့် လူပင်မဆိုထားနှင့် လေလွင့်နေသည့် ခွေးတောင်တကောင်တလေမျှပင်မရှိ။

‌တဖြေးဖြေးချင်း ရှေ့တိုးလာနေတဲ့ Alphaကို ကြောက်ရွံ့ပေမဲ့ဘယ်လိုလုပ်မှာလဲ? ဘယ်သူ့ကို အော်ပြီး အကူအညီတောင်းရမှာလဲ ? ကြောက်စိတ်တွေများပြားလာပေမဲ့ အားတင်းကာ

ဟူး..!ကင်မ်ထယ်ယောင်း စိတ်လျှော့ ၊ စိတ်လျှော့ မင်းမကြောက်ဘူး.. ဟုတ်တယ် လုံးဝ မကြောက်ဘူး။ ဒါပေမဲ့ Alpha တကောင်ကို
ဘယ်လိုရင်ဆိုင်မလဲ? အခုက  အရမ်း အားနည်းတဲ့ Beta ဖြစ်နေတယ်လေ။ ငါ အခုချက်ခြင်းကြီး သေလို့မဖြစ်ဘူးလေနော်..၊ ဂျင်ဂျင်လေးကို
ထပ်တွေ့ချင်သေးတယ် ။ ငါ
ကြောက်နေလို့ မဖြစ်ဘူးရင်ဆိုင်ရမယ် ။

လဲကျနေရာကနေ အားယူပြီး ကုန်းထကာ

" မင်း ဘယ်သူလဲ?  ဘာလို့ငါ့နောက်ကို လိုက်နေတာလဲ၊ဘာလိုချင်လို့လဲ?  ပြောလိုက်  ငါ့ကိုတော့ တခုခုလုပ်ဖို့ မကြံနဲ့နော်.. ၊ ကြံလို့ကတော့တခါထဲ ဘဝကူးသွားမယ် "

" ဟက်..! ဟာသတွေသိပ်ပြောတာပဲ "

နေအုံး!! ဒီအသံကို ကြားဖူးနေသလိုပဲ ၊ ရင်းရင်းနှီးနှီးကြီးကို ကြားဖူးနေတာ ဘယ်သူပါလိမ့်? 

ထိုချိန်မှောင်ရိပ်ထဲကနေ ထွက်လာသောလူစိမ်း Alpha။ လမ်းဘေးက မီးတိုင်အားကိုးကြောင့်
ထွက်ပေါ်လာသော Alpha ရဲ့ မျက်နှာကို ရှင်းရှင်းဘွင်းဘွင်း မြင်လိုက်ရသည်။

အခြားလူစိမ်းလို့ထင်မှတ်နေပေမဲ့လည်း ဂျောင်ဂုဖြစ်နေတာကြောင့် အနည်းငယ်လုံခြုံမှုအားခံစားလိုက်ရ၏။

" ဒီစကားပဲ ထပ်ပြောမယ်၊ ဆော့ဂျင်နဲ့ဝေးဝေးနေပါ "

" မနေတော့ ဘာလုပ်ချင်လဲ ? ဂျင် ကိုယ်တိုင်ကလည်း ကျွန်တော့်ကို ခင်မင်တယ်လေ၊ ဒါကို ခင်ဗျားပဲ အလိုမကျနေတာ "

Alpha And Beta Love (Ongoing)Where stories live. Discover now