Part_25

1.9K 220 36
                                    


Unicode


"သခင်!! သတင်းဆိုးပါ"

ရင်ထဲထိတ်သွားသည်။ နေလို့မကောင်းတာကြောင့် ဂန်းနမ်ကအစည်းအဝေးကိုတောင်
မသွားပဲ လက်အောက်ကလူတွေကိုလွှတ်လိုက်တာ။ အခုကရောဘာကိစ္စများပါလိမ့်။

"ဘာကိစ္စများလဲ"

"သခင့်ရဲ့ အဖေ!.. သူဒီနေ့ပဲကိုရီးယားကိုရောက်ပါတယ်။ ဒါပေမယ့် အင်ချွန်းလေဆိပ်ကနေထွက်ပြီး ခနအကြာမှာပဲ သခင့်အဖေရဲ့ကားကို အခြားကားငါးစီးလောက်ကဝိုင်းလာပြီး သခင့်အဖေကိုခေါ်ထုတ်ဖမ်းသွားတာကို CCTVမှတ်တမ်းတွေကနေ ဖမ်းယူရရှိပါတယ်။ အခုပဲ လေဆိပ်ဆက်သွယ်လာတာပါ"

"ဘာ!!.. ဘယ်သူတွေကလဲ.. ဘယ်သူတွေကဖမ်းရဲတာလဲ"

"လီဂိုဏ်းကပဲဖြစ်မယ်ထင်ပါတယ်.. ရဲတွေနဲ့ပူးပေါင်းပြီးအခုပဲလိုက်နေပါပြီ ကံကောင်းတာက CCTVမှတ်တမ်းရလိုက်တာပါပဲ။ ကားနံပါတ်တွေကတဆင့်လိုက်နေတာပါ"

"သေချာစုံစမ်းပြီးအမြန်လိုက်ကြ! အန္တရာယ်ကင်းတာကိုပဲ ငါလိုချင်တယ် ဂျင်ယောင်း! အခုတော့ အိမ်ခနပြန်ဦးမယ်"

"ဟုတ်ကဲ့ပါ"

ဘာအငြိုးများရှိလို့အခုလိုတွေလုပ်နေရတာလဲ။ အရင်တခေါက်ကလည်း အသက်မသေရုံတမယ်ပဲ။

လီဂိုဏ်းကဖမ်းဆီးသွားတာကြောင့် စိတ်ထင့်ရသည်။ ထိုဂိုဏ်းကိုအဓိကကိုင်တွယ်သူမှာ
လီယောင်းဟုသံသယရှိနေသည်ပဲမဟုတ်ပါလား။
ထယ်ယောင်းကိုပါစိတ်ပူသည့်အတွေးက ဝင်လာတာကြောင့် အိမ်အမြန်ပြန်မှဖြစ်မည်။

အသဲ အန္တရာယ်ကင်းနေမှဖြစ်မယ်..!။

"ဝူဆော့.. ဝူဆော့!!"

အသဲကိုမတွေ့။ တစ်အိမ်လုံးလည်းနှံ့နေပြီဖြစ်သည်။ အခန်းစေ့လည်းလိုက်ကြည့်ပြီးပြီဖြစ်၏။ တနေရာမှရှိမနေ..။ စိတ်ပူခြင်းဟာကြီးစိုးလာတာကြောင့် ညဘက်ရောက်မှ ဝူဆော့ကိုအပူပေးရတော့မည်။

"ဟုတ်ကဲ့ ပြောပါဗျ"

"အသဲရော.."

"ဗျာ.."

" ကင်မ်ထယ်ယောင်းရောလို့!!"

"အကိုလေးက သခင်နဲ့အတူရှိနေတာမဟုတ်ဘူးလားဗျ"

Alpha And Beta Love (Ongoing)Where stories live. Discover now