Unicode
ဒီနေ့က တိုက်ခိုက်ပွဲနေ့ !။ မရောက်ချင်တဲ့ နေ့ကို ရောက်လို့လာခဲ့ပြီ ။ ဒီနေ့မှပဲ စိတ်က လေးလို့နေသည်..၊ မသိရင် ကြီးကြီးမားမား မဖြစ်သင့်တဲ့ တစုံတရာဖြစ်တော့မဲ့ ပုံစံမျိုး ။ ထယ်ယောင်း လေးနေတဲ့ စိတ်ကို လျစ်လျုရှုရင်း ထိုပွဲကို
သွားဖို့ ပြင်ဆင်လိုက်သည် ။အဝတ်အစားဝတ်နေတုန်း အခန်းတံခါးကို
လာဖွင့်သော အမေ ။" သား ပြီးပြီလား "
" ဟုတ် အမေ ပြီးပါပြီ "
" ဒါဆို သွားကြမယ်လေ..သားအဖေ အောက်မှာစောင့်နေတယ် "
ထယ်ယောင်းလည်း ခေါင်းသာငြိမ့်ပြပြီး အမေ့နောက်ကနေ တိတ်ဆိတ်စွာ အောက်ထပ်သို့
ဆင်းလာခဲ့သည် ။ အိမ်ပြင်ရောက်တော့ ကားတစီးဖြင့် စောင့်ကြိုနေသော အဖေ ။" သားအမိနှစ်ယောက် လာ...သွားကြမယ် "
ပြုံးပြုံးလေးဖြင့် ပြောလာသော အဖေ့ကို
ပြုံးပြရင်း ကားထဲသို့ ဝင်ထိုင်လိုက်သည် ။
ထိုတိုက်ခိုက်ပွဲကို သွားနေတဲ့ လမ်းတလျှောက်လုံးမှာ အမေနဲ့ အဖေကတော့ စကားတွေ ရေပက်မဝင်အောင် ပြောနေကြပေမဲ့ သူကတော့ တိတ်ဆိတ်စွာသာ လိုက်ပါလာခဲ့သည် ။ စိတ်ထဲမှာလည်း အလိုမကျမှုများစွာဖြင့်ပေါ့ ။ထိုပွဲကိုရောက်ရင် ဘာဖြစ်မှာလဲ..? သေချာတာကတော့ အဲ့ပွဲက ကင်မ်ထယ်ယောင်းဆိုတဲ့ သူ့ကို အသည်းခွဲမှာပါပဲ !။ ဆော့ဂျင်နဲ့ ဝေးရတော့မယ်ဆိုတဲ့ အသိစိတ်ကြီးက တဖြေးဖြေး ညှင်းဆဲနေသည် ။ ထိုခံစားချက်ကြီးကို ထယ်ယောင်းမကြိုက်ပါ ။
သူသာ ဒီ Werewolf လောကမှာ True Blood Alpha နေရာကနေ ပါဝင်ခွင့်ရမယ်ဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ ?
အခုလိုမျိုး တိုက်ခိုက်ပွဲတွေမပါပဲ ဆော့ဂျင်ဆိုတဲ့ Omega အလှလေးကို ပိုင်ဆိုင်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ?အခုတော့ အားနည်းတဲ့ Beta..သာမာန်လူတယောက်လို ဖြစ်နေတဲ့ Beta ကင်မ်ထယ်ယောင်း နေရာမှာ ပါဝင်ခဲ့ရသည် ။ ဒါကလည်း သူတောင်းဆိုလို့ဖြစ်ခဲ့ရတာပါ..၊ အဲ့တာ စည်းမရှိတဲ့
သူ့ပါးစပ်..သူ့ပါးစပ်ကြောင့် Beta နေရာမှာ ဖြစ်ခဲ့ရတာ ။