Part-7

2.2K 247 29
                                    

Unicode

ဘယ်သူလဲ၊ ဒီတခါကရော ဘယ်သူငါ့ကို ဆွဲခေါ်သွားတာလဲ။ ဘာလို့အခုတလော ခနခန အဆွဲခံ နေရတာလဲ? ရပြန်ပြီ Alpha Pheromone နံ့ ..
ဒီတခါလည်း ငါထင်နေတဲ့ သူပဲလား ?

" အ့ ...."

ထယ်ယောင်းကို နံရံမှာ ကပ်ပြီး အုပ်မိုးထားတဲ့ ထိုလူ။ ထင်တဲ့အတိုင်း ဂျောင်ဂုပါပဲ။

" ကင်မ်ဆော့ဂျင်နဲ့ ဝေးဝေးနေပါ "

" ဘာလို့လဲ၊ဘာလို့ဒီစကားပဲ အထပ်ထပ်အခါခါ ပြောနေရတာလဲ..ဖယ် ! "

ထယ်ယောင်း တွန်းဖယ်သော်လဲ မဖယ်သော ဂျောင်ဂု။ အားချင်းကလည်း မမျှ၊ ထယ်ယောင်း ရုန်းလျှင် သူ့နဂိုရှိအားအင်တွေသာ ဆုံးရှူံးသွားရ၏။ ရုန်းနေသည့် ထယ်ယောင်းအား နံရံပေါ်သို့ ပိုမိုဖိကပ်လိုက်ရင်း နားနားကိုကပ်ကာ

" ဆော့ဂျင်အနားမှာ ထပ်တွေ့ရင်သေမယ် !"

ထိုစကားပြောပြီး ချက်ချင်းဖယ်ခွာ ပြန်သွားသော Alpha ။

သေမယ် !
သေမယ် !
ဒါက ငါသေဖို့အတွက် လမ်းစလား ?
ဆော့ဂျင်အနားမှာနေမှ မသေမှာမို့သာနေနေတာ ၊ဆော့ဂျင်က ငါ့အတွက် သေမင်းရော သေခြင်းကနေ ကယ်ဆယ်မဲ့ နတ်သားလေးရော၊ တပြိုင်ထဲ ဖြစ်နေပါ့ရော့လား ။

စိတ်ညစ်ညူးခြင်းများစွာနှင့်သာ ထယ်ယောင်း
အိမ်ပြန်လာခဲ့သည်။ အိပ်ရာထဲထိရောက်သည့်တိုင် Alphaဂျောင်ဂု၏ စကားတွေက နားထဲက မထွက်သေး။ စုတ်တချက်သပ်ရင်းသာ ဟိုလှိမ့်ဒီလှိမ့် လုပ်နေရသည်။

အားး စိတ်ရှုပ်လိုက်တာ ၊ ဒါကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ? ဆော့ဂျင် အနီးမှာ နေရမှာလား၊အဝေးမှာနေရမှာလား ။

နားထဲမှာပဲ့တင်ထပ်လာတဲ့ ဂျောင်ဂု၏စကားတွေ ။ ဘယ်လိုပဲဖြစ်ဖြစ် သေမှာကသေမှာပဲလေ၊ နောက်ကျပြီးသေတာနဲ့ စောသေတာနဲ့ ဒါပဲ ကွာတယ်။ ဟုတ်တယ် ထယ်ယောင်း ဆုံးဖြတ်ချက်ချလိုက်ပြီ ။

သေရင်လည်း သေပါလေ့စေ၊ ဆော့ဂျင်ရဲ့ အနားမှာပဲ နေမယ် ။

.

.

.

" အဲ့ကောင်လေးအကြောင်းကို စုံစမ်းလို့ ရပြီလား "

Alpha And Beta Love (Ongoing)Where stories live. Discover now