Part_17

2.3K 258 49
                                    

Unicode

" မင်္ဂလာပွဲကိုလက်ခံပါတယ် အဖေ!"

"တကယ်လက်ခံတာလား သား"

"ဟုတ်ကဲ့ သေချာစဉ်းစားပြီးပါပြီ..လက်ခံပါတယ်"

" လက်ခံပေးလို့ကျေးဇူးပါ သား..."

"မဟုတ်တာ အဖေတို့ကကောင်းစေချင်လို့စီစဉ်တာပဲ လက်ခံရမှာပေါ့"

" ဟုတ်ပြီ သား.. မင်္ဂလာပွဲကနောက်လကျရင် လုပ်မယ်.."

"လကုန်ဖို့က ဘယ်လောက်မှလည်းမလိုတော့ဘူး အဖေ..မြန်မြန်ကြီးလုပ်မလို့လား "

" သားကိုစိတ်မချတော့လို့ပါ.. ဘာပဲဖြစ်ဖြစ်သဘောတူတယ်မလား"

"ဟုတ်ကဲ့!"

" အင်း မင်္ဂလာပွဲအတွက်လိုအပ်တာတွေပြင်ဆင်ကြတာပေါ့! ပြီးတော့ ဂျောင်ဂုအဖေက မနက်ဖြန်မှာ ဂျောင်ဂုကို Euphoria Companyရဲ့ CEOရာထူးလွှဲပြောင်းဖို့အတွက်ဖိတ်ထားတယ်.. အဲ့တာ သားနမ်ဂျွန်းနဲ့အတူပွဲတက်ရမယ်နော် "

"ဟုတ်ကဲ့ပါ အဖေ!"

အဖေ့အားဂါဝရတချက်ပြုရင်းသာ အပေါ်ထပ်သို့တက်လာခဲ့တော့သည်။ အခုလိုလက်ထပ်ဖို့လက်ခံတာက မမှားဘူးလို့မျှော်လင့်မိပါရဲ့!။

နမ်ဂျွန်းကို မင်္ဂလာပွဲကိုလက်ခံတယ်လို့ပြောလိုက်တုန်းက ပျော်ရွှင်နေသောမျက်နှာကိုမြင်ယောင်မိပါသေးသည်။ သူတကယ်ကိုပျော်‌ရွှင်နေပုံပဲ!။

ချစ်တယ်ဆိုသည့်စကားကိုလည်း ခနခနပြောသည့်နမ်ဂျွန်းကို ယုံကြည်လို့ရလောက်တယ်မလား။ နမ်ဂျွန်းကိုယုံကြည်မိတာကလည်း မနေ့ညကဖြစ်ပျက်ခဲ့တဲ့ Heatကိစ္စကြောင့်ပဲ။

အင်း...မမှားလောက်ပါဘူး နမ်ဂျွန်းကိုငယ်ငယ်လေးထဲကသိလာခဲ့တာပဲ။ သူဟာလူကောင်းတယောက်ပါ။ မင်းကိုခက်ခက်ခဲခဲယုံကြည်ပေးထားတာမို့ ယုံကြည်မှုကိုပျက်ပြားသွားအောင် မလုပ်ဖို့မျှော်လင့်မိပါတယ် နမ်ဂျွန်း!။

ပြတင်းပေါက်နားမှာရပ်နေပြီး လေညှင်းခံနေသည့်ဂျင်မှာ အတွေးတခုပေါ်ပေါက်လာရသည်။ ထယ်ယောင်းကို သူလက်ထပ်မဲ့ကိစ္စကိုအသိမပေးရသေးဘူးပဲ။ သူပြောသင့်လား...!?။
အသိပေးသင့်ပါတယ်! သူနဲ့ကိုယ်ကဘာမှမှမဆိုင်ပဲလေ။

Alpha And Beta Love (Ongoing)Where stories live. Discover now