Part_13

2.6K 289 42
                                    

Unicode

ကိုယ့်အိမ်မဟုတ်လို့လားမသိ မနက်အစောကြီး ထယ်ယောင်းနိုးထလာခဲ့သည်။ ကုတင်ပေါ်မှာ ငုတ်တုတ်လေးထထိုင်ပြီး အခန်းကြီးကို ငိုင်ကာကြည့်မိနေသည်။ အခန်းအကျယ်အဝန်းက ဟိုအိမ်က သူ့အိမ်ခန်းထက်ပင် နှစ်ဆလောက်ကျယ်သည်။

ပစ္စည်းတွေလည်း တကယ်အကောင်းစားတွေပင်။ အခန်းထဲကို လိုက်လံကြည့်ရှုခြင်းဖြင့် ထယ်ယောင်း.. သူ့ရဲ့တနေ့တာကို စတင်လိုက်သည်။ ရေချိူးခန်းကလည်း အကျယ်ကြီး.. အတိအကျပြောရမယ်ဆိုရင်တော့ ဟိုအိမ်က ထယ်ယောင်းအခန်းလောက် ရှိသည်။

မျက်နှာသစ် ရေချိုးခြင်းအမှုတို့ကို စိမ်ပြေနပြေလုပ်အပြီးမှာတော့ ကျောင်းဝတ်စုံလေးကို ဝတ်လိုက်သည်။ နာရီကိုကြည့်မိတော့ ၇နာရီ၊ အတန်းက ၉နာရီမှဖြစ်တာမို့ ထယ်ယောင်းမှာ အချိန်တွေ အများကြီးပိုနေလေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မျက်နှာသစ် ရေချိုးခြင်းအမှုတို့ကို စိမ်ပြေနပြေလုပ်အပြီးမှာတော့ ကျောင်းဝတ်စုံလေးကို ဝတ်လိုက်သည်။ နာရီကိုကြည့်မိတော့ ၇နာရီ၊ အတန်းက ၉နာရီမှဖြစ်တာမို့ ထယ်ယောင်းမှာ အချိန်တွေ အများကြီးပိုနေလေသည်။

အမြဲတမ်း ၈နာရီလောက်မှထတတ်တဲ့ ထယ်ယောင်းက ဒီနေ့မှအစောကြီး ကြားသားမိုးကြိုး နိုးထနေခြင်းဖြစ်သည်။

အခုလို ကိုယ့်ရဲ့ကမ္ဘာအစစ်မဟုတ်တဲ့ Ficတပုဒ်ထဲကို ရောက်ရှိနေတာ ထယ်ယောင်းမယုံနိုင်သေး။ ဒါကလည်း အမြဲတမ်း ပါးစပ်ဆော့တတ်တဲ့ သူ့ရဲ့မကောင်းတဲ့အကျင့်ဆိုး တခုကြောင့်ပေါ့။ ရောက်မဲ့ရောက်လာတော့လည်း BL Ficထဲ။

ဇာတ်ကြောင်းတွေကလည်း အကုန်လုံးပြောင်းသွားလေသည်။ ဖတ်ခဲ့တုန်းက Betaထယ်ယောင်းက သူ့ဘာသူအေးဆေးနေပြီး Omegaဆော့ဂျင်ကို ခွက်ခဲ့တာလေ။ အင်း.. အဲ့တာကြောင့်လည်း လှလှပပလေး သေသွားရတာပေါ့။

အခုတော့ဘယ့်နှယ့် Alphaဂျောင်ဂုရဲ့ Mateတဲ့လား၊ သောက်ကျိုးတွေနည်း!။ ထိုAlphaကလည်း ဘာစိတ်ထဖောက်ပြီး သူ့ရွေးလဲမသိ၊ ဒီလောက်လှပပြီး Pheromoneနံ့ သင်းသင်းလေးတွေရှိတဲ့ Alpha, Omegaတွေ တပုံကြီးရှိတာကို သူ့ကိုမှရွေးရလား။သူအခုလို ရွေးချယ်တော့ ထယ်ယောင်းရဲ့ Straight ဂုဏ်သိက္ခာကြီးထိခိုက်တာပေါ့။

Alpha And Beta Love (Ongoing)Where stories live. Discover now