Part_16

2.3K 266 14
                                    

Unicode

" အရင်ကတည်းကလည်း လူကြီးချင်းသဘောတူထားပြီးသားပါ.. သားတို့နှစ်ယောက် အခုလိုစီစဉ်တာကိုလက်ခံပေးမယ်မလား "

နှစ်ဖက်မိဘတွေ့ဆုံပွဲဟုဆိုရမည့် စကားဝိုင်းတခု။ လူကြီးတွေကသာ အရင်ကတည်းကသဘောတူထားပြီးသားကိစ္စလို့သာ ဆိုနေတာ ဆော့ဂျင်နှင့်နမ်ဂျွန်းမှာတော့ အခုမှသိရသည်။

ဒီတိုင်းရိုးရိုးညစာစားသည်အထင်ဖြင့် လိုက်လာခဲ့မိတာ၊ ယခုတော့ ဘယ်ကတည်းကပြောထားမှန်းမသိတဲ့ လက်ထပ်ပွဲကိစ္စတဲ့လား။ အံ့ဩလွန်းလို့ ပြောစရာစကားဟူသည်ပင် ရှာ၍မရတော့ပါ။

ဂျင့်မျက်နှာတွင်အလိုမကျမှုများက အတိုင်းသားပေါ်လို့နေလေသည်။ ဂျင်နှင့်လက်ထပ်ရမည့်ကိစ္စဆိုတော့ နမ်ဂျွန်းလက်မလွှတ်သင့်သည်မှာ အမှန်ပင်မဟုတ်ပါလား။ ဝေးကွာရတော့မည်ဟု တွေးထင်ထားရသည့် ဆက်ဆံရေးတခုဟာ ယခုလို ပုံစံအသစ်ဖြင့်ပေါ်ပေါက်လာစေရန်အတွက် ကံကြမ္မာကပဲ ဖန်တီးခဲ့လေသလား။

နမ်ဂျွန်းလက်ခံမည်။ ဒီလက်ထပ်ပွဲကို လက်ခံမယ်။ ဂျင်သဘောမတူရင်တောင်မှ အတင်းအကျပ်လုပ်မည်။ ယခုလို ကံကြမ္မာကိုယ်တိုင်က ချစ်ရသောဂျင့်ဆီကို အရောက်ပို့ပေးနေသည်ကို လက်လွှတ်ရသည်ထိ နမ်ဂျွန်းမရူးမိုက်သေးပါဘူး။

လှပသော Male Omegaဂျင်ဆီမှာ ခစားချင်သည့် Alphaများက ခပ်များများရယ်။ ထိုAlphaတွေထဲမှာလည်း နမ်ဂျွန်းလို အချစ်စစ်ဖြင့်ချစ်ပြီး ဂျင့်ကိုပိုင်ဆိုင်ချင်သည့် စစ်မှန်သည့်Alphaများတော့ ပါလိမ့်မည်မဟုတ်။ ရှားပါးလွန်းသည့် Male Omegaလေး၏ အရသာကိုမြည်းစမ်းကြည့်ချင်ရုံမျှသာရှိသည့် Alphaများပါပင်။

ထိုလိုအကျင့်စရိုက်ဆိုးရွားသည့် Alphaများ၏ လက်ထဲသို့ ဂျင့်ကိုအပါမခံနိုင်သည့်အတွက် နမ်ဂျွန်းလက်ခံမည်။ ဂျင့်ကို တဘဝလုံးနှင့်ရင်းပြီး ကာကွယ်ပေးမည်။

ချစ်ရသောဂျင်.. ကိုယ်တို့ကိုကံကြမ္မာက ဒီလိုမျိုးဖန်တီးပေးထားတော့ ကိုယ်ကအတိုင်းမသိပျော်ရွှင်ရတာပေါ့။ ကိုယ့်ဘဝကြီးနဲ့ရင်းပြီး မင်းလေးကို ကာကွယ်ပေးမယ်!။

Alpha And Beta Love (Ongoing)Where stories live. Discover now