Part-3

2.7K 286 70
                                    

Unicode


ထယ်ယောင်းရော ဂျီမင်းရော ထိုTrue Blood Alpha နှစ်ယောက်ကို မသိမသာကြည့်ရင်း တံတွေးမျိုချမိနေကြသည်။ သို့သော်လည်း
ပေါ်တင်မကြည့်ရဲ၊ခိုးခိုးကြည့်နေရသည်။

ဘာလို့ဆို ထိုAlpha နှစ်ယောက်က ထယ်ယောင်းနဲ့ဂျီမင်းရဲ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေပြီး
အသားတင်မက အရိုးတွေပါမကျန်ဝါးစားတော့မည့်ပုံစံမျိုးဖြင့် ကြည့်နေသောကြောင့်ပင် ။

^ Aigoo! နောက်ဆုံးတော့ ငါ့ချစ်ချစ်လေး နှစ်ယောက်ပါလာပြီ၊ Fic ထဲရောက်တာဖြင့် တရက်ပဲရှိသေးတာကို ချက်ခြင်းရောက်လာရလား.. Alpha နှစ်ကောင်ရဲ့ ၊ နောက်ရက်တွေမှ ဖြေးဖြေးလာလည်း ရနေတာကို! ဆော့ဂျင်နဲ့ ဝေးဝေးနေမှ ဖြစ်မယ်ထင်တယ်။ မဟုတ်ရင် ငါလေးက အခုကိုသတ်ခံရနိုင်ကိန်း ရှိတယ် ။
အမလေးလေး ငါကိုက Omega ဆော့ဂျင်ကို
သွားဗူးလို့ ဖြစ်ရတာ.. ကင်ထယ်ယောင်းရေ.. သေလိုက်ပါတော့လားဟ!!!^

ဂျီမင်းဆိုသည်မှာတော့ ထမင်းသာငုံ့စားနေသည် ။ ထယ်ယောင်းလည်း မစားချင်စားချင်ဖြင့် တို့ဆိတ်တို့ဆိတ်လုပ်နေမိ၏။ ဆော့ဂျင်ကတော့
ထိုAlpha နှစ်ယောက်ကို အမြင်မကြည်သလိုဖြင့်ကြည့်ကာ

" နမ်ဂျွန်းနဲ့ ဂျောင်ဂု ဘယ်လိုလုပ်ပြီး ဒီဘက်ရောက်လာတာလဲ? တခါမှမလာဖူးတာကို..
ငါ့ကြောင့်လာတယ်လို့တော့ မပြောနဲ့နော် !"

နမ်ဂျွန်းနဲ့ ဂျောင်ဂုကတော့ ဆော့ဂျင်ရဲ့ အသံချိုချိုလေး ကြားတာနဲ့ ကြည့်မရတဲ့ Beta နှစ်ယောက်ဆီက မျက်ဝန်းများအားခွာလိုက်ပြီး
ခုနက ဝါးစားတော့မလို ကြည့်နေတဲ့ အကြည့်တွေကနေ ပုံမှန်အတိုင်းလေး ဆော့ဂျင်ကိုကြည့်ရင်း အစွယ်လေးတွေ ပေါ်သည်အထိ ပြုံးပြကာ

" ဆော့ဂျင် ဒီမှာရှိနေတယ်ဆိုလို့ ဂျောင်ဂုနဲ့
ရောက်လာတာပါ၊ ဂျင် တခုခုဖြစ်မှာစိုးလို့ပါ "

"အင်း.. စိတ်ပူလို့လိုက်လာတာ"

အနည်းငယ်မာနေသောအသံဖြင့် ဂျောင်ဂုဆိုလိုက်၏။

" ငါ့ကို စိတ်ပူပေးတာ မင်းတို့နှစ်ယောက်ကို
အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်ကိုတော့ယုံကြည်လိုက်ပါ၊
မင်းတို့လည်း သူတို့နှစ်ယောက်ကို ခင်ရမယ် "

Alpha And Beta Love (Ongoing)Where stories live. Discover now