Part_18

2.5K 248 27
                                    

Unicode

ဒေါက် ဒေါက် ဒေါက်!

Euphoria Companyကိုသွားရမည်ဖြစ်၍ ဟိုတနေ့က အမယူရာတို့ချုပ်ပေးထားသည့် Suitအဖြူရောင်လေးအား ထယ်ယောင်းဝတ်ဆင်မိနေပါ၏။ ထိုအချိန်တွင် တံခါးခေါက်သံအားကြားလိုက်ရသည်။ နာရီကိုကြည့်မိတော့ ၆နာရီထိုးတော့မည်မို့ Alphaလာခေါ်မှန်း သိလိုက်ပါပြီ။

ဝတ်လက်စSuitလေးအား အမြန်အပြီးသတ်လိုက်ပြီးနောက် တံခါးလေးသွားဖွင့်ပေးမိပါ၏။

တံခါးလာခေါက်သူဟာသေချာပေါက် Alphaလို့ ထင်ခဲ့ပေမဲ့ ဝူဆော့ဖြစ်နေတာကြောင့် စိတ်အလိုမကျလေးဖြစ်သွားရသည်။

" သခင်လေးကို သခင်ဂျောင်ဂုကခေါ်ခိုင်းလိုက်တာပါ၊ ကားဆီသို့သာတန်းသွားပါ သခင်လေး"

" အင်းအင်း!"

"သခင်လေး ဘာဖြစ်လို့လဲဟင် မျက်နှာကဆူပုတ်နေတာပဲ"

"ဘာမှမဖြစ်ပါဘူး!"

"သေချာရဲ့လား ဘယ်နားကနေမကောင်းလို့လဲ၊ ဆရာဝန်‌ခေါ်ပေးရမလား.. ခံစားလို့မကောင်းတဲ့နေရာလေးတွေရှိရင်ပြောပါ သခင်လေး!"

" ငါအဆင်ပြေတယ် ဝူဆော့! ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးလို့ရမလား!"

"အာ..ဟုတ်!"

ဘေးနားကနေပူညံပူညံလာလုပ်နေသော ဝူဆော့အား စိတ်အနည်းငယ်မကြည်သလိုဖြစ်နေတာကြောင့် အော်လွှတ်မိပါ၏။ ဝူဆော့ဘယ်လိုဖြစ်နေမလဲဆိုတာကိုတောင် တွေးမနေမိတော့.. ယခုအချိန်မှာ ထယ်ယောင်းစိတ်အလိုမကျနေတာပဲသိသည်။

စံအိမ်ရှေ့တွင်ရပ်ထားသော ကားအနက်ရောင်လေးထဲသို့ဝင်ထိုင်မိပါသည်။ သေချာကြည့်မိတော့ အမြဲလိုလိုကားမောင်းပေးနေတဲ့ သက်တော်စောင့်ဂျင်ယောင်းကိုလည်း မတွေ့ရ။ ကားမောင်းသူနေရာမှာ Alphaထိုင်နေပုံထောက်ရင်တော့ သူပဲမောင်းမှာသေချာသည်။

တချက်သာကြည့်လိုက်ပြီး ပြတင်းပေါက်ဘက်သို့သာ ထယ်ယောင်းမျက်နှာမူလိုက်သည်။

ယခုထက်ထိကားမထွက်သေးတာကြောင့် ‌မျက်လုံးလေးစွေကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေသည့် Alphaကြောင့် အမြန်ပြန်လှည့်မိပါ၏။
တဆက်ထဲမှာပင် တကိုယ်လုံးပူလာသလိုခံစားလိုက်ရသည်။ Alphaစိုက်ကြည့်လျှင် ထယ်ယောင်းသည်အမြဲတမ်းလိုလို ထိုသို့ခံစားရ၏။

Alpha And Beta Love (Ongoing)Where stories live. Discover now