Part_20

2.3K 235 22
                                    

Unicode

" အသေးလေး.. ကိုယ်ဖွင့်ပြောထားတာကို စဉ်းစားပေးလို့ရပြီနော်.. ကိုယ်နိုင်ခဲ့ပြီလေ"

စကားပြန်မလာပဲ ကားအပြင်ဘက်ကရှုခင်းတွေကိုသာ ငေးကြည့်နေသော အသေးလေးအား သူ့ဘက်သို့ဆွဲလှည့်လိုက်မိ၏။ တွေ့လိုက်ရသည်က ညှိုးငယ်နေသော အသေးလေး၏မျက်နှာလှလှ။

" စဉ်းစားပေးမယ်မလား.. "

"ဟင့်အင်း "

"ဘာလဲ ကိုယ်ချစ်တာကိုမယုံတာလား အသေးလေး.. ကိုယ်မင်းကို ဟောဒီနှလုံးသားကြီးတခုလုံးနဲ့ရင်းပြီးချစ်တာပါကွာ"

" ခင်ဗျားချစ်တာကိုယုံပါတယ်... ဒါပေမယ့်လည်း"

"အင်း ဒါပေမယ့်.. ဘာဖြစ်လဲ၊ အသေးလေးမကြိုက်တာကိုပြော! ကိုယ်အကုန်ပြင်ပေးမယ် ငြင်းတော့မငြင်းလိုက်ပါနဲ့လား "

" ဒါပေမယ့် ခင်ဗျားနဲ့ကျွန်တော်နဲ့က အဆင့်အတန်းမတူဘူး.."

" ကိုယ်တွေကြားမှာ ဒါတွေပြောနေစရာမလိုပါဘူး အသေးလေး.. အဓိကက တယောက်နဲ့တယောက်ချစ်နေရင်ရပြီမလား "

" ဘဝဆိုတာကအချစ်တခုထဲနဲ့ပြည့်စုံတာမှမဟုတ်ပဲ၊ မိသားစုအတိုက်အခံတွေရှိသေးတယ်၊ ပတ်ဝန်းကျင်လည်းရှိသေးတယ်.. ခင်ဗျားက မျိုးရိုးမြင့် Alpha၊ ကျွန်တော်ကသာမန်
ဘာအစွမ်းပကားမှမရှိတဲ့ Betaတယောက်! ခင်ဗျားမိသားစုက Betaဆိုရင်လက်ခံမှာလား? ကျွန်တော်က ယောင်္ကျားလေးဗျ.. မိန်းကလေးတယောက်လည်းမဟုတ်ဘူး.. တွေးတောစရာတွေက အများကြီးပဲ မင်ယွန်းဂီရဲ့! "

ပြောရင်းနှင့်ပင်ငိုမဲ့မဲ့လေးဖြစ်လာသော သူ့အသေးလေးအားကြည့်ပြီး သွားသေးသေးလေးများပေါ်အောင် ရယ်လိုက်မိပါ၏။ ဒီကောင်လေးက မချစ်ဘူးဆိုသည့်ပုံစံမျိုးသာလုပ်နေတာ မသိစိတ်က ချစ်နေတာကိုသူလေး တကယ်ပဲမသိလေသလား..။

ချစ်နေလို့ပဲ စတောင်မစရသေးတဲ့ဆက်ဆံရေးတခုကို အဝေးကြီးထိတွေးပူနေတာပဲမလား..။

အသံထွက်အောင်ပင်ရယ်လိုက်မိတော့ မျက်စောင်းသေးသေးအားလက်ခံရရှိပြီး ရိုက်ချက်လေးများကိုလည်း ခံယူရပါတော့သည်။

Alpha And Beta Love (Ongoing)Where stories live. Discover now