Part_26

1.7K 273 46
                                    



Unicode

"စားလိုက်ပါ အကို"

"မစားချင်ဘူး.."

"ဒီနေ့တနေ့လုံး အကို ဘာမှမစားသေးဘူးနော် .. ကျန်းမာရေးထိခိုက်မှာစိုးလို့ပြောနေတာ"

"သွားစမ်းပါ .."

"စားပါ အကိုရယ်.. စိတ်ပူလို့ပါ"

"မစားဘူးလို့ ငါ ပြောနေတယ်လေ!"

ဒုန်း !! ခလွမ် !!

အတင်း‌ကျွေးနေသောကြောင့် ထမင်းပန်ကန်အား လက်နှင့်တိုက်ထုတ်ပစ်လိုက်သည်။

ထိုအခါတွင် ရရှိလိုက်သည်က ဒေါသဖြစ်သွားသည့် လီယောင်း၏မျက်ဝန်းရဲရဲများ။

"အကို.. ဒီလိုဆိုးမှဖြစ်မှာလား"

နူးညံ့ညင်သာသောအသံပေမဲ့ ‌အံကြိတ်သံအနည်းငယ်တော့ပါဝင်နေသည်။

"ငါ့ကိုလွှတ်ပေးလိုက်.. ဒါဆိုရင် မင်းစိတ်ဒုက္ခခံစရာမလိုတော့ဘူး"

"လွှတ်ပေးစရာလား.. ချစ်လွန်းလို့ အခုလိုတောင်ဖမ်းချုပ်ထားရတာလေ။ ပြန်လွှတ်ပေးလိုက်ရင် မိုက်မဲရာကျမှာပေါ့"

"မင်းက တကယ်အရူးပဲ.."

"အင်း.. အကို့ကိုအရူးအမူးစွဲလမ်းနေလို့ ရူးနေပြီ။ အချစ်ရူးပါ"

"အရင်က မင်းဒီလိုမဟုတ်ဘူး လီယောင်း.. နူးညံ့ခဲ့တဲ့ ကောင်ငယ်လေးဘယ်ရောက်သွားလဲ"

"အဲ့ကောင်ငယ်လေးက အကို့အရှေ့မှာပဲရှိတယ်လေ၊ နည်းနည်းလေးကွာသွားတာပဲရှိတယ်.. ကျွန်တော်က သန်မာတဲ့ Alpha.. True Blood Alpha!"

"မင်းကို တကယ်စိတ်ပျက်မိတယ်.. အခုလို ဖမ်းထားလည်း ငါ့အချစ်ကိုပြန်မရနိုင်ဘူးဆိုတာ သိတယ်မလား"

"ချစ်လာမှာပါ.. ချစ်လာအောင်လည်း လုပ်ယူမှာ"

"မင်း စိတ်ကူးယဉ်လွန်နေပြီ.. ဘယ်သောအခါမှ ဖြစ်မလာနိုင်ဘူး!"

"စောင့်ကြည့်ရတာပေါ့ .."

"စောင့်ကြည့်တာမှ ပင်ပန်းသေးတယ်။ ငါ့ကို အခုလွှတ်ပေးလိုက်ရင် မင်းပိုပြီးသက်သာသွားမယ်ထင်တယ်"

"ဟုတ်ပြီလေ.. လွှတ်ပေးမယ်"

"မင်း.. !"

ထယ်ယောင်းခြေထောက်တွင် ချည်နှောင်ထားသော သံကြိုးများအားဖြည်နေသော လီယောင်း။

Alpha And Beta Love (Ongoing)Where stories live. Discover now