Part_11

2.5K 290 66
                                    

Unicode

ကွင်းထဲကို တချက်ဝေ့ကြည့်မိတော့ Alpha, Omega မိန်းကလေးတိုင်းလိုလို ခေါင်းလေးတွေမော့ ၊ ရင်လေးတွေ ကော့ထားကြသည် ။ Beta မျိုးနွယ်ဘက်ကို မျက်စိရောက်မိတော့ Beta မျိုးနွယ်တိုင်းလိုလို တွေတွေလေး စင်ပြင်ပေါ်က
Werewolf တို့ရဲ့ အရှင်သခင် သူ့ကို ကြည့်နေကြသည် ။

Beta တွေဘက်မှာ ဂျောင်ဂုရဲ့ အာရုံကိုဖမ်းစားထားတာက မြေကြီးထဲကို ခေါင်းဝင်သွားမတတ် ငုံ့ထားတဲ့ Beta ထယ်ယောင်းကိုပဲ ။ ဂျောင်ဂု အစထဲက စဉ်းစားထားပြီးသား ထိုBeta ကို
သူလိုချင်တယ် ! Mate အဖြစ် ရွေးချယ်မယ် ။ ဘာကြောင့်လဲလို့တော့ လာမမေးနဲ့ သူလည်း
မသိဘူး ။

ထို Beta ကို ပိုင်ဆိုင်ချင်တယ် !ပြီးတော့ ဆော့ဂျင်အဖေက ထို Beta ကို မကောင်းတာ တခုခုလုပ်တော့မယ်ဆိုတာကို သူကြိုသိနေတယ် ။ ‌ဆော့ဂျင်အဖေက သူ့သားနဲ့ ပတ်သတ်သူမှန်သမျှကို လူဆိုး၊ သူ့သားကို ဖျက်ဆီးမဲ့လူစားတွေလို့ပဲ ထင်မှတ်ထားတာ ။ ဒါ့ကြောင့် ထိုBeta မှာ အန္တရာယ်ကတော့ တခုမဟုတ်တခုကို ကျရောက်လာအုံးမှာ ။

Beta ကို ဂျောင်ဂု တောက်လျှောက်စောင့်ကြည့်နေခဲ့တာ ။ ဆော့ဂျင်အပေါ်ကို ရိုးရိုးသားသားနဲ့
ဒီတိုင်းခင်မင်ရုံပါပဲ ။ အင်း...ခံစားချက်အရာမှာတော့ ဆော့ဂျင်အပေါ် ထိုBeta ခံစားချက်တွေက မူမမှန်ဘူးလို့ဆိုရမှာပေါ့ ။ Beta ကို ဂျောင်ဂု အန္တရာယ်ကင်းကင်းနဲ့ ရှိနေတာပဲမြင်ချင်တယ် ။

Beta ကို ဆော့ဂျင်အဖေလက်ထဲကနေ ကာကွယ်ပေးချင်မိတယ် ။ Beta ကို သူအထပ်ထပ်အခါခါ သတိပေးနေခဲ့တာပဲ..ဒါကို ဒင်းလေးက နားမထောင်ပဲ ဆော့ဂျင်အနားမှာ မျှော့လို နေနေသေးတာပဲလေ ။ ဒီတော့ သူဒီလိုပဲ လုပ်ရတော့မှာပဲ ။ Mate ဆိုတဲ့ အရှိန်အဝါက သေးမှမသေးတာ ။

နမ်ဂျွန်းကိုလည်း စိတ်ချမ်းချမ်းသာသာနဲ့ပဲ
ရှိစေချင်တယ် ။ ဆော့ဂျင်ကို နမ်ဂျွန်း ချစ်နေတာ ဂျောင်ဂု သိတာပေါ့..၊ သူလည်း သူ့သူငယ်ချင်းကို ပျော်ရွှင်စေချင်တယ် ။ သူ ဆော့ဂျင်ကို ချစ်နေတယ်လို့ မျိုးနွယ်စုတွေကြား သတင်းတွေ
ပြန့်နေတာက အမှန်တွေ မဟုတ်ပါဘူး ။

ဒီတိုင်း ဟန်ဆောင်ထားရုံသက်သက်ပဲ..၊ အဲ့လိုလုပ်ရတာကလည်း ဆော့ဂျင်ကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်တခုထဲကြောင့်ပဲ ။ သူချစ်ခင်ရတဲ့ သူငယ်ချင်းက ရှားပါးတဲ့ Male Omega ဖြစ်နေတော့လည်း ကာကွယ်ပေးရမှာ သူ့တာဝန်ပဲလေ ။ ဒါ့ကြောင့် True Blood Alpha ဂုဏ်ပုဒ်ကို လက်ကိုင်ထားရင်း ဆော့ဂျင်ကို ချစ်ခင်နှစ်သက်သလို ဟန်ဆောင်ခဲ့တာ ။

Alpha And Beta Love (Ongoing)Where stories live. Discover now