Part-5

2.4K 276 40
                                    

Unicode

" ရား.. ပုကျိ မြန်မြန်လုပ် "

" အေးပါ..လာပါပြီ၊ ပိုကိုပိုနေတယ် "

" အချိန်ရှိခိုက် လုံ့လစိုက်တာလေကွာ.. ပုကျိကလည်း "

" ဘာကို လုံ့လစိုက်..မင်းဘိုးတော်ကြီးကို လုံ့လစိုက်နေလိုက် "

" ဂျင်လေးက တွေ့ဖို့ချိန်းထားတာကို စောစော
သွားမှဖြစ်မှာပေါ့ "

" အော..အော အဲ့မှာ အချစ်ရူး ဖြစ်နေလိုက် "

ဂျီမင်းစကားကို အလေးမစိုက်စွာတက်ကြွသော
ခြေလှမ်းတွေဖြင့် Omega အလှလေးဆော့ဂျင်နှင့်ချိန်းထားသည့် အအေးဆိုင်လေးဆီကို ထွက်လာတော့သည်။

" ရား.. ပုကျိ ဂျင်ဂျင်လေးက ဘာလို့မလာသေးတာလဲကွာ "

" ငါဘယ်လိုလုပ် သိမတုန်း! လာမှာပေါ့ "

" ဒါပေမဲ့ ကြာနေပြီလေ "

" ကြာတယ်..ဘယ်နားက ကြာနေလို့လဲ? ငါတို့
ရောက်တာတောင် ၁၀မိနစ်ပြည့်သေးလို့လား? "

" ဟာ..မသိဘူးကွာ "

ထယ်ယောင်းတယောက် စိတ်ပျက်လက်ပျက်
ဖြင့် ခုံနှင့်ခေါင်းအားအပ်ထားမိတော့၏။

" ဟိုင်း ထယ်ယောင်းနဲ့ ဂျီမင်း! စောင့်နေရတာ
ကြာသွားလား ? "

ဆော့ဂျင်အသံကြားမှ ငိုက်စိုက်ကျနေတဲ့ခေါင်းက ပြန်ထောင်မတ်လာသည်။ အစောနက သေမလို ဖြစ်နေတဲ့ ရုပ်ကနေချက်ခြင်းပြုံးဖြီးသွားတဲ့
ထယ်ယောင်းကိုကြည့်ရင်း ဂျီမင်း အသာအယာ
ခေါင်းယမ်းမိပါတော့၏။

^ အော်..ထယ်ယောင်း၊ ထယ်ယောင်း ခနလေးပဲ
မတွေ့လိုက်ရတဲ့ ကြားအတွင်းမှာဘာတွေဖြစ်သွားတာလဲ ? အရင်တုန်းကတည်ငြိမ်ပြီး အခုကျတော့လည်း ပေါကြောင်ကြောင်နဲ့ အရူးကြီး ကျနေတာ..။ သေချာတာကတော့ ငါ့သူငယ်ချင်းကြီး ကင်ထယ်ယောင်း ဖောလ်အင်လပ်ဖ် ဖြစ်နေပြီ.. ^

" အာ..ဆော့ဂျင် မကြာပါဘူး၊ကျွန်တော်တို့လည်း ခုမှရောက်တာရယ်၊ ဟုတ်တယ်မလား
ပုကျိ? "

ဂျီမင်းတယောက် ထယ်ယောင်း၏အံကြိတ်ပြီး မေးသံကိုကြားချိန်မှာတော့ မချိပြုံးလေးပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။

Alpha And Beta Love (Ongoing)Where stories live. Discover now