Part-2

3.1K 319 65
                                    

Unicode

ကျောင်းရှေ့ရောက်တော့ ကားရပ်ပေးသည်မို့
ထယ်ယောင်းလည်း ကားပေါ်ကဆင်းလိုက်သည် ။ ကျောင်းကို ကြည့်မိတော့ တကယ်အကြီးကြီး၊ ထယ်ယောင်း၏လက်တွေ့ဘဝက
ကောင်းလှပါတယ်ဆိုသည့် ကျောင်းကတောင်
ဒီကျောင်းကြီးနဲ့ယှဉ်တော့ သေးငယ်သွားသယောင်။

ထယ်ယောင်းလည်း ကျောင်းကိုကြည့်ပြီး
ခနတာ ငေးမောမိနေစဉ် နှာခေါင်းထဲသို့
အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာတဲ့
အနံ့ပေါင်းစုံကြောင့် ထယ်ယောင်း သူ့နှာခေါင်းကိုလက်ဖြင့်အမြန်ပိတ်ရလိုက်သည် ။

မျက်နှာကလည်း ရှုံ့မဲ့ကာ

" အာ..ဘာနံ့တွေလဲဟ? ဒါတွေက Fic တွေထဲမှာ ရေးရေးနေတဲ့ Pheromone အနံ့တွေလား..
ဝေါ့...အန်ချင်စရာ အနံ့တွေ..."

ထယ်ယောင်း သူ့ရင်ဘက်သူ ထုနေမိသည်။
ခဏအကြာမှာတော့ နှာခေါင်းပြန်ဖွင့်လိုက်တော့
ခုနက အနံ့တွေက ပုံမှန်အတိုင်းပဲရနေသေးတယ်ဆိုပေမဲ့ ထယ်ယောင်း သိပ်ပြီးမအန်ချင်တော့။

" အိုး..မအန်ချင်တော့ပါလား..တော်သေးလို့ပဲ၊ မဟုတ်ရင် ဟိုAlpha နှစ်ကောင်သတ်လို့ ငါမသေပဲ ဒီအနံ့တွေနဲ့တင်ကို အသက်ရှုရပ်ပြီး
ချက်ခြင်းသေလို့ ရနေလောက်ပြီ။ အင်း..
ကြည့်ရတာ ဒီခနွာကိုယ်ကWerewolf ဆိုတော့
ခနလေးနဲ့ အနံ့တွေကိုခုခံနိုင်တာဖြစ်မယ် ။
အံမယ်...ဒီလိုကျတော့ ဘယ်ဆိုးလို့လဲ.. Beta ထယ်ယောင်း "

ထယ်ယောင်း သူ့ခနွာကိုယ်သူ လက်ဖြင့်ကိုင်ပြီး
ပြောလိုက်သည်။ ပြီးတော့ အတွေးပေါက်သွားတာက

" နေအုံး ငါဖတ်ဖူးတာက ဒီ Pheromone အနံ့တွေက Werewolfတွေ မိတ်လိုက်ချင်မှတို့၊
Omega တွေHeat တက်တဲ့အချိန်တို့၊ Aplha တွေ Omega ကိုစားချင်မှ ထုတ်လွှတ်တာပါ၊
အီး!  တွေးရင်းနဲ့တောင် ကြက်သီးထလာသလိုပဲ
၊ ဒီက Werewolf Aplha တွေက အမြဲတမ်း
ထန်နေကြတာလားမသိ? "

ထယ်ယောင်း ကျောင်းပေါက်ဝမှာ တွေးလိုက်၊
ခေါင်းကုတ်လိုက်၊ သူ့ခနွာကိုယ်သူကိုင်ပြီး
ကြက်သီးထနေသလို ပုံမျိုးလုပ်လိုက်နဲ့ ကျောင်းထဲမဝင်ပဲနဲ့ ဟုတ်နေတာပဲ။ ထယ်ယောင်းရဲ့
အပြုအမူတွေကို ခပ်လှမ်းလှမ်းမှာကြည့်နေတဲ့
သူ့သူငယ်ချင်းကတော့ ကြောင်တောင်တောင်
ဖြစ်ပြီး ကြည့်နေမိသည်။ ပြီးမှ ထယ်ယောင်း
အနားကို လျှောက်သွားကာ

Alpha And Beta Love (Ongoing)Where stories live. Discover now