Part_28

1.5K 205 57
                                    

Unicode

မူးဝေခြင်းနှင့်အတူ နိုးလာခဲ့သည်။ မလှမ်းမကမ်းတွင်တွေ့ရသည်က လဲကျနေသော လီယောင်း။ ဂျောင်ဂုကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက်တွေနှင့်ဆိုတော့ တိုက်ခိုက်ထားတာဖြစ်ရမည်။

ထိုအချိန် ထယ်ယောင်းဘေးမှပြေးသွားသော
လီယောင်းအမေ။ လက်ထဲတွင်လည်း ဓားတစ်ချောင်းနှင့်။ ဂျောင်ဂုဆီသို့ ဦးတည်နေတာဆိုတော့.. ဟင့်အင်း။

မရှိရှိသည့်လက်ကျန်ခွန်အားလေးဖြင့် အမြန်ပြေးမိသည်။ ဂျောင်ဂုမှာ လီယောင်းကိုကြည့်နေတာဖြစ်၍ လီယောင်းအမေကိုမမြင်။ မဖြစ်သင့်တာတွေဖြစ်ကုန်တော့မှာပဲ။

သူ့ရဲ့ချစ်ရသော Alpha.. တခုခုဖြစ်လို့မဖြစ်ဘူး။ သူရင်ကျိုးရလိမ့်မယ်။

ဇွက်!!

မျက်ရည်တွေကြားမှပြုံးမိသည်။ ချစ်ရသူကို ကာကွယ်ပေးနိုင်ခဲ့ပြီ။ 'ချစ်တယ်'ဆိုသည့် စကားကိုတောင်ကြားအောင် မပြောနိုင်ခဲ့ဘူးပဲ။ ရင်ထဲမှအောင့်တက်လာခြင်းနှင့်အတူ ပါးစပ်မှသွေးများထွက်လာခဲ့သည်။

လက်ရှိကမ္ဘာကိုပြန်သွားရမဲ့ အချိန်ရောက်ပြီပဲ။
'ချစ်တယ်'ဆိုသည့်စကားကို နူးညံ့စွာပြန်ပြောချင်ခဲ့ပေမဲ့လည်း ကံကြမ္မာဟာမျက်နှာသာ မပေးခဲ့ပါလေ။ သူ့ရဲ့Alphaဟာ လက်ရှိကမ္ဘာမှာ ရှိရောရှိနေပါ့မလား။

အများကြီးချစ်ခဲ့ပါတယ်.. ငါ့ရဲ့Alpha။

မျက်ဝန်းတို့ မှိတ်ကျသွားပြီး
ထယ်ယောင်း၏‌လောကကြီးသည်လည်း
အမှောင်ဖုံးလွှမ်းသွားတော့သည်။
.

.

လွင့်မျောနေသော သူ၏ခန္ဓာကိုယ်။ အခုဘယ်ကိုရောက်နေတာလဲ။ လွင့်မျောနေရာမှ ပုံမှန်အတိုင်းဖြစ်သွား၏။ သူ့ကိုယ်သူဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း ထယ်ယောင်းမသိ။ တကယ်ဆိုလျှင် လက်ရှိကမ္ဘာကိုပြန်ရောက်နေရမှာ မဟုတ်ဘူးလား။

အခုက ဘာကြီးလဲ။

ဓားစိုက်သွားသည့် နှလုံးသားရှိရာနေရာတည့်တည့်သို့ စမ်းကြည့်တော့ နာကျင်မှုတစိုးတစိမျှ
မခံစားရ။ ဘာတွေဖြစ်နေတာလဲ။

Alpha And Beta Love (Ongoing)Where stories live. Discover now