Part_8

2.1K 260 34
                                    

Unicode

ထယ်ယောင်း ဖင်တကြွကြွဖြင့် တယောက်သောသူ အလာကို စောင့်မျှော်နေမိသည် ။ အိမ်ရှေ့က ဘဲလ်တီးသံကြောင့် အစောင့်တွေ ဖွင့်တာကို မစောင့်ပဲ ကိုယ်တိုင်ကိုယ်ကျ အပြေးအလွှား ထွက်လာကြည့်မိသည် ။

ခြံတခါးဝမှာ မျက်လုံးတွေမှိတ်အောင်ထိ ပြုံးပြနေတဲ့ ဂျီမင်းကို မြင်မှ မျက်နှာမဲ့သွားမိတော့သည် ။

အောင်း ပုကျိပဲ ဂျင်ဂျင်လေး မှတ်နေတာကိုကွာ
ဟွန့် ..။

" ဆိုတော်မူ "

"ခေါ်တုန်းက ခေါ်ထားပြီး အခုမှ ဘာရှုံ့မဲ့နေတာလဲ "

" မသိဘူး "

" ဂျင်လို့ထင်နေတာမလား ၊ လာမှာပေါ့..ကိုယ့်သူငယ်ချင်းကိုတောင် မလိုချင်တဲ့ပုံနဲ့ လုပ်မနေနဲ့ "

" အင်းပါ "

" အခုတော့ ရေကူးကန်ဆီသွားရအောင် "

" မနက်စာစားလာပြီးပြီလား "

" ဒါပေါ့ Of Course "

" ဘိုလိုက မှုတ်နေသေးတယ် "

" ရတာ ဒီတလုံးရှိပဲရှိတာ မှုတ်ရမှာပေါ့ ဟဲဟဲ "

" ဖြစ်ရမယ် "

ပိတ်ရက်တွင် ရေကူးလေ့ကျင့်ရန်အတွက် ဂျီမင်းကို အဖော်အဖြစ်ခေါ်ထားခြင်း ဖြစ်သည် ။ ဆော့ဂျင်က သူပါ လိုက်ခဲ့မယ်လို့ပြောတော့ ထယ်ယောင်း အရမ်းတွေပျော်သွားခဲ့ရတာ ။ ဒါပေမဲ့
သူ့ဂျင်ဂျင်လေးက လာလည်းမလာသေးဘူး ဟင်း...။

ဂျီမင်းက ရေထဲဆင်းနှင့်နေပေမဲ့ ထယ်ယောင်းကတော့ လည်လေးတဆန့်ဆန့် လုပ်နေဆဲ ။
ရေထဲကနေ ခေါင်းလေးပေါ်ကာ လက်နဲ့ ရေစိုနေတဲ့ ဆံပင်တွေကို လှန်တင်လိုက်သည် ။ အခုထိ
အိမ်ထဲကို အရိပ်တကြည့်ကြည့်ဖြင့်နေသော ထယ်ယောင်းကို အမြင်ကပ်ချင်လာရသည် ။

" ထယ်ယောင်း ဂျင်က လာမှာပါဆိုနေကွာ "

" ကြာနေပြီလေနော် "

" နာရီဝက်ပဲ ရှိပါသေးတယ် စောင့်ပါအုံး ၊ ကြည့်ရတာ ကားကျပ်တာတို့ ဘာတို့ ဖြစ်နေလို့နေမှာပေါ့ "

" အင်းပါ "

" ရေလာမကူးတော့ဘူးလား "

" လာမယ် အခုလာမယ် "

Alpha And Beta Love (Ongoing)Where stories live. Discover now