Part.3🌊

2.8K 310 29
                                    

Unicode

အချစ်ဦးဆိုသည့်နာမ်စားအား အနက်အဓိပ္ပါယ်ဖွင့်ဟရမည်ဆိုပါလျှင် ဆယ့်နှစ်နှစ်အရွယ် ရွှေအိုရောင်ဆံပင်လေးဖြင့်ကျွန်တော့်၏တစ်ဦးတည်းသောဘူဆန်သားလေးဂျောင်ဂုဟုဆိုမည်

ထိုအချစ်ဦးလေးနှင့်ဝေးကွာခဲ့ရသည်မှာလဲဆယ့်လေးနှစ်တင်းတင်းပင်ပြည့်ခဲ့ပြီ ကျွန်တော့်ဘက်ကသာအသည်းအသန်တွေမျှော်လင့်နေခဲ့သော်လဲ နေနိုင်ရက်တဲ့ဘူဆန်သားလေးဆီကဖုန်းကောလ်လေးတစ်ခါတောင်မရခဲ့ဖူးပါဘူး တိုတောင်းလွန်းလှသည့်အချိန်တိုလေးအတွင်းမှာတွေ့ဆုံခဲ့ရသည့်ဂျောင်ဂုအပေါ်မှာကျွန်တော်ကညီလေးတစ်ယောက်ထပ်ပိုပြီးစွဲလန်းနေခဲ့သည်ဆိုတာကိုတော့သူကျွန်တော့်ဆီဖုန်းဆက်လာလေမလားဆိုပြီးနေ့တိုင်းမျှော်နေခဲ့ရသည့်အချိန်တွေကပြောပြခဲ့တာပါပဲ

အသက်သာနှစ်ဆယ့်ရှစ်နှစ်ထဲသို့ရောက်လာခဲ့တဲ့ကျွန်တော်ကဘဝမှာရည်းစားတစ်ခါမှတောင်မထားဖူးခဲ့

ပုံပြင်ထဲကမင်းသားလေးကိုတမ်းတနေမိသလိုဖြစ်နေတဲ့ကျွန်တော်က တကယ်ပဲရူးကြောင်ကြောင်လူတစ်ယောက်ဖြစ်နေတာလား ဒယ်ဂူမှာရှိတဲ့ကျွန်တော့်သူငယ်ချင်းတစ်ချို့အိမ်ထောင်တွေကျကုန်ကြပြီ တစ်ချို့များကျ သားတွေသမီးတွေဖြင့် ကျွန်တော်တစ်ယောက်တည်းဂေါ်မစွံသည့်ပုံပေါက်နေသည်

မနှစ်က ဘူဆန်ဘက်ကိုတစ်ခေါက်ရောက်ဖြစ်သည် မိဘနှစ်ပါးနှင့်အမ, မပါဘဲကျွန်တော်တစ်ယောက်တည်းတစ်ကိုယ်တော်ခရီးထွက်ခဲ့တာ အကြောင်းပြချက်ကတော့ခရုခွံမင်းသားလေးကိုများတွေ့ရမလားဆိုပြီးခရီးနှင်ခဲ့ပေမယ့် လူမရှိသည့်အိမ်က ကင်မ်ထယ်ယောင်းအရူးဆိုပြီးမိန့်မိန့်ကြီးလှောင်လိုက်သလိုပင် ထိုအခါမှကျွန်တော်သိလိုက်ရတာက ဖေဖေလိုက်ပို့ပေးခဲ့သည့်ခရီးစဉ်ပေါင်းများစွာထဲမှဘူဆန်ပင်လယ်ခရီးကိုအနှစ်သက်ဆုံးဖြစ်ခဲ့ရခြင်းမှာ ဘူဆန်သား၏ဆွဲဆောင်မှုကြောင့်ဆိုတာကိုပင်

ခုများတော့ဖြင့် ထိုကောင်လေးကကျွန်တော့်အားသတိတောင်ရတော့မည်မထင်ပါ

နှစ်တွေလဲကြာခဲ့ပြီ လမ်းမှာတွေ့ကြရင်တောင် တစ်ယောက်နဲ့တစ်ယောက်မှတ်မိနိုင်ပါအုန်းမလား

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now