Unicode
စားသောက်ဆိုင်တစ်ခု၏ VIP Roomအတွင်း မျက်နှာချင်းဆိုင်ထိုင်နေကြသည့်သူနှစ်ဦး။
အတန်ကြာတိတ်ဆိတ်နေသည်ကိုဖြိုခွဲလိုက်သည့်အသံတစ်သံ..."ဂျောင်ဂု ဒီလောက်ထိလုပ်ဖို့လိုလို့လား"
ထယ်ယောင်းက လေသံခပ်တိုးတိုးဖြင့် ခန္ဓာကိုယ်အားရှေ့သို့အနည်းငယ်ကိုင်းလျက်ဆိုသည်။ ဂျောင်ဂုမှာအပြစ်မရှိရှာသည့်သူ့လည်ဂုတ်ကိုသာ အသည်းအသန်ပွတ်နေမိတော့၏။
"အစ်ကိုအနေခက်မှာစိုးလို့ပါ"
အကြောင်းအရာမှာ ဂျောင်ဂုကပြောစရာရှိသည်ဟုဆိုပြီးစားသောက်ဆိုင်တစ်ခုဆီလာခဲ့ရန်မက်ဆေ့ဂ်ျပို့လာသည်။
ပြောထားတဲ့လိပ်စာအတိုင်း ရောက်လာခဲ့ပြီးဆိုင်ပတ်ပတ်လည်သို့ဝေ့ဝဲကြည့်မိပြန်တော့လုံးဝရှာမရ။ တစ်ယောက်တည်းဖင်ကုတ်ခေါင်းကုတ်လုပ်နေချိန်မှာ ဝန်ထမ်းလေးတစ်ယောက်ကအမြင်မတော်၍ လာကူညီပေးခဲ့သည်။ ဂျောင်ဂုနာမည်ကိုရွတ်ပြလိုက်တော့ VIP Room အား reservation လုပ်ထားသည့်နာမည်ဟာပြူးပြဲလို့။ စကားလေးပြောဖို့ကိုဒီလောက်ကြီးထိယူစရာလား။ လုပ်ငန်းရှင်သူဌေးလဲမဟုတ်ပါဘူး ကျွန်တော်ဟာကျောင်းဆရာပါ။"ငါတို့ကဘယ်လောက်ထိုင်မှာမလို့လဲ မင်းပိုက်ဆံတွေအများကြီးကုန်မှာပေါ့"
"ကျွန်တော် အာ့လောက်တော့ရှာနိုင်ပါသေးတယ်"
အခန်းကလဲဌားပြီးသားဖြစ်နေသည့်အပြင် သူတရားဟောလဲဂျောင်ဂုကနားထောင်မှာမဟုတ်တာကြောင့် လေကုန်ခံမည့်အစားပါးစပ်သာပိတ်နေလိုက်ရသည်။
"ကျွန်တော်နဲ့မင်ဟီး စာချုပ်ပြင်ထားပြီးပြီ"
"........."
"နောက်လေးရက်ဆိုရင် တရားဝင်ပြတ်စဲပြီးသားဖြစ်သွားလိမ့်မယ်"
ထယ်ယောင်း၏မျက်ဝန်းအိမ်အတွင်း တွေဝေမှုများဖြစ်ပေါ်လာသည်။ မိသားစုတစ်ခုဟာ သူ့ကြောင့်ပြိုကွဲတော့မှာလား။ မင်ဂူလေးကရော ဂျောင်ဂုကိုဖအေတစ်ယောက်အဖြစ်လိုအပ်နေခဲ့သည်ဆိုပါက ဘယ်လိုဆက်လုပ်ရမည်နည်း။ ခေါင်းထဲအတွေးများပြွတ်သိပ်လာသည်။ အသိုက်အမြုံတစ်ခုပြိုကွဲတော့မယ်ဆိုတာ ပျော်ရွှင်စရာမှကောင်းမနေပဲလေ။ ရူးမိုက်လွန်းသည့်ဆုံးဖြတ်ချက်တစ်ခုကြောင့် အနည်းနဲ့အများ မင်ဂူလေးကိုထိခိုက်သွားစေမယ်ဆိုရင် ဂျောင်ဂုဆီကအပြီးတိုင်ထွက်ခွာသွားဖို့ဝန်လေးနေမည်မဟုတ်ပါ။
YOU ARE READING
THE FIRST TIME WE MET🌊 [COMPLETED]