Part . 21🌊

2.2K 221 30
                                    

Unicode

မင်ဂူကတော့ မွေးနေ့ပွဲမစခင်တည်းက အစ်ကို့ကိုတစာစာ‌ဖြင့်မေးနေလေသည်။ ဆရာရောမလာဘူးလား ဆရာ့ကိုတွေ့ချင်တယ် သားဆရာ့ကိုနှုတ်ဆက်သွားချင်တာဆိုသည့်စကားပေါင်းများစွာအတွက် ဂျောင်ဂုတစ်ယောက်ကြည့်ကြပ်ပြီးဖြေပေးနေရသည်။ အစ်ကိုဝယ်ပေးလိုက်သည့်လက်ဆောင်ဟာလဲ လွတ်လပ်ရေးမရရှိခင်အချိန်တုန်းက တောင်ကိုရီးယားနိုင်ငံ၏သမိုင်းကြောင်းကိုပြုစုရေးသားထားသော စာအုပ်တဲ့။ အထူအားဖြင့် တစ်လက်မခွဲလောက်ရှိသည်။ ဖတ်စမ်းပါလေ့ တမော့တမော။ ဆရာတပည့်နှစ်ယောက်လိုက်ပါတယ် စာအုပ်သရဲတွေ။

"ကိုငယ်"

ရိုးရိုးရှင်းရှင်းအပြာနုရောင်ဂါဝန်ရှည်အားဝတ်ဆင်ထားသော မင်ဟီး။ မွေးနေ့ရှင်ကလေးအမေက လာသမျှဧည့်သည်တွေကိုနှုတ်ဆက်နေရ၍မအားလပ်။

"ဘာပြောမလို့လဲ"

"ဆရာထယ်ယောင်း မလာဘူးလား"

လုပ်ပြန်ပြီနောက်တစ်ယောက်။ မဟုတ်ရင်တောင် သူ့မှာအစ်ကို့ကိုလွမ်းနေရတဲ့ကြားထဲမှ ဒီသားအမိနှစ်ယောက်က လာလာဆွနေသည်။

"နယ်ဘက်ခဏဆင်းသွားလို့ မိသားစုကိစ္စတဲ့"

"အော်"

မင်ဟီးစိတ်ထဲတစ်မျိုးဖြစ်နေသည်။ ဆွန်းလီကလဲ လွန်ခဲ့သည့်နှစ်ရက်ထဲက ဒယ်ဂူဘက်သို့ဆင်းသွားသည်ဟုပြော၏။ ဆရာနဲ့လူကြီးချင်း သဘောတူထားကြသည့်အနေအထားကိုဟိုတစ်လောထဲကသိထားသည်မို့ အခြေအနေဟာအငွေ့အသက်တစ်ခုခုပြောင်းလဲတော့မည်ဟုခံစားရသည်။

"Happy birthday ကလေး"

အသံလာရာသို့ နှစ်ဦးစလုံးလှည့်ကြည့်မိတော့ ဂျွန်စံအိမ်တော်ရဲ့သခင်မကြီး။ တစ်ကိုယ်လုံးရှိဆင်မြန်းထားသော အဝတ်အစားတန်ဖိုးမှာ သိန်းဆယ်ဂဏန်းထက်ပင်မနည်း။ နီလာရောင်ကျောက်များဖြင့်အနားသပ်ကွပ်ထားသော လက်ဝတ်ရတနာ ပြိုးပြိုးပျက်ပျက်တို့မှာ မွေးနေ့ပွဲအတွင်းထင်ဟပ်နေလေသည်။
ဂျောင်ဂုက ထွက်သွားဟန်ပြင်နေသည်မို့ မင်ဟီး ဆွဲထားလိုက်သည်။ ဘယ်လိုပဲမုန်းသည်ပြောပြော ဒီသွေးသားကဆင်းသက်လာတယ်ဆိုတဲ့အမှန်တရားကတော့ငြင်းပယ်လို့မှမရတာ။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now