Part.9🌊

2.4K 276 27
                                    

Unicode

“အမပြောတဲ့လိပ်စာအတိုင်းဆိုရင်တော့ဒီဆေးရုံပဲ”

ဟင်းမချက်တတ်သောကျွန်တော့်အတွက် ဒယ်ဂူမှတကူးတက အရံဟင်းများနှင့်အခြောက်အခြမ်းများကိုလှမ်းပို့တတ်သည့်မေမေက ဒီတစ်ခေါက်များကျ ဆိုးလ်မှာတာဝန်ကျနေသည့်ဆွန်းလီအတွက်ပါ အစစ်ထည့်ပေးလိုက်သေးသည်

သွားပို့ဖြစ်အောင်ပို့နော်ဆိုပြီး အမဖုန်းထဲကနေလှမ်းအော်နေတဲ့မေမေ့ကြောင့် အထုတ်ကြီးအထုတ်ငယ်ဖြင့် တစ်ယောက်တည်းယောင်ချာချာရောက်လာရသည်

အလုပ်ရှုပ်နေတဲ့သူဆီ ဖုန်းဆက်ရမှာအားနာမိတာကြောင့်မပြောမဆိုဘဲလာခဲ့မိတာမှားပြီထင်တယ်

ဆေးရုံအပေါက်အဝမှာယောင်လည်လည်လုပ်နေသည့်ကျွန်တော့်ဆီ ဂျူတီကုတ်အဖြူရောင်နှင့်ဒေါက်တာတစ်ဦးကအနားသို့ရောက်လာပြီး

“လူနာသတင်းလာမေးတာလားရှင့် အခန်းနံပါတ်မသိရင်ကောင်တာမှာသွားမေးလို့ရပါတယ်”

ဒေါက်တာက ကျွန်တော့်ပုံစံကိုကြည့်ပြီးလူနာသတင်းမေးလာတဲ့သူဟုသတ်မှတ်လိုက်ပုံရသည်

“မဟုတ်ပါဘူးခင်မျာ ဟို…ဒီမှာဒေါက်တာဘတ်ဆွန်းလီဆိုတာရှိလားမသိဘူး ကျွန်တော်သူ့ဆီလာတာပါ”

ဘာကိုဘယ်လိုသဘောပေါက်သွားလဲမသိတဲ့ဒေါက်တာက ထယ်ယောင်းကိုကြည့်ရင်းသတိရသွားပုံဖြင့် တစ်ချက်ပြုံးကာ

“ဆွန်းလီရှိပါတယ် ကျွန်မသူ့ရုံးခန်းကိုလိုက်ပြပေးမယ် နောက်ကလိုက်ခဲ့နော်”

“ဟုတ်ကဲ့”

အရှေ့မှဦးဆောင်ပြီးသွားနေသည့်ထိုအမျိုးသမီးနောက်သို့ထပ်ကြပ်မကွာအမှီလိုက်ရသည်

ဆေးရုံကော်ရစ်ဒါတစ်လျှောက်ပြေးလွှားနေသည့် ဆရာဝန်တစ်ချို့နှင့်သူနာပြုများကိုလဲရှောင်ရတာကတစ်လုပ်

အမြဲတမ်းကလေးတွေနှင့်အတူအေးချမ်းသာယာနေခဲ့သည့်ကျောင်းတော်ကြီးအတွင်းမှာပဲ လုပ်ငန်းတာဝန်များအားထမ်းဆောင်နေခဲ့တဲ့သူမလို့ထင် ဒီလိုမျိုးရှုပ်ထွေးလွန်းလှသည့်ပတ်ဝန်းကျင်မျိုးက အမှန်တကယ်ပင် ကျွန်တော်နဲ့မကိုက်ညီလှဘူး

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now