Part.7🌊

2.6K 268 29
                                    

Unicode

မနက်စံတော်ချိန်ကိုးနာရီ- အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်

ဂျပန်မှာဆေးကုသမှုကုထုံးအနည်းငယ်ခံယူပြီးပြန်လာတော့မည့်ဂျွန်စံအိမ်ရဲ့သခင်မကြီးအားသွားကြိုရန်အတွက်မနက်ထဲကဂျောင်ဂုနဲ့မင်ဟီး နှစ်ယောက်သားလေဆိပ်ထဲမှာရောက်နေခဲ့သည်

လက်နှစ်ဖက်ကိုဆုတ်ချေနေသည့် မင်ဟီးကစိတ်လှုပ်ရှားနေမှုများမှာအတိုင်းသားပေါ်လွင်နေလျက်

“ကိုငယ်…သားကိုခေါ်မလာလို့အဖွားဘာမှတော့မပြောလောက်ပါဘူးနော်”

“ဒီနေ့ကကျောင်းပိတ်ရက်မှမဟုတ်တာ ဘာကိစ္စကျောင်းပျက်ခံပြီးခေါ်လာရမှာလဲ”

“ဟုတ်တော့ဟုတ်သားပဲ”

“ကြောက်နေတာလား”

ဂျောင်ဂုပြောလိုက်တာနဲ့တန်းပြီးခေါင်းငြိမ့်ပြသည်။

သူမအပေါ်အဖွားရဲ့အာဏာစက်ကသိပ်ကိုပြင်းထန်လွန်းပြီးသက်ရောက်နေခဲ့တာ

စံအိမ်နဲ့ဝေးရာမှာပဲပျော်တတ်ပြီး သနားစရာကောင်းတဲ့သူ နူးညံ့သိမ်မွေ့ခြင်းတွေနဲ့ပဲအသားကျတဲ့သူ

ကျွန်တော်ဥပေက္ခာပြုလိုက်ရင်ပြိုလဲသွားနိုင်တဲ့သူ

“ကိုယ်ရှိပါတယ်”


သူမလက်နှစ်ဖက်ကိုအားပေးသည့်အနေဖြင့်အုပ်မိုးရင်းကိုင်ပေးထားသည်

လက်တွေကအေးစက်နေတာ

ဂျပန်နိုင်ငံမှလေယာဉ်ဆိုက်ရောက်ကြောင်းကြေငြာချက်အဆုံးတွင် ဂျောင်ဂုမတ်တပ်ထရပ်လိုက်သည်

လူတွေကြားထဲသို့တိုးဝင်ကာ အဖွားကိုရှာနေရသည်

တစ်ယောက်ပြီးတစ်ယောက်ထွက်လာသည့် နောက်တွင် အထက်တန်းကျသည့်ဝတ်စားဆင်ယင်မှုမျိုးဖြင့်ဂျွန်စံအိမ်ရဲ့သခင်မကြီးက အနောက်မှအစေအပါးမိန်းကလေးနှစ်ယောက်ဖြင့်အေးအေးလူလူပင်လမ်းလျှောက်လာသည်

ဂျောင်ဂုခေါင်းငုံ့ကာအရိုအသေတစ်ချက်ပြုရင်း

“ပြန်ရောက်လာပါပြီလား အဖွား”

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now