Part.11🌊

2.5K 280 40
                                    

Unicode

မိုးတွေသည်းကြီးမည်းကြီးရွာချနေတဲ့အချိန်မှာ ဂျောင်ဂုကိုမောင်းထုတ်လိုက်မိသည်။

အမှတ်တမဲ့အောက်သို့ငုံ့ကြည့်မိစဉ်မြင်လိုက်ရတာက သူ့ရဲ့ခြေဖမိုးပေါ်ကဒဏ်ရာ။

ဘယ်လိုဖြစ်ပြီးထိခိုက်ထားပြန်လဲမသိပေမယ့် ဆေးထည့်ပေးချင်ခဲ့မိတယ် ဒါဟာစိတ်ရင်းပါ။

ရေတွေစိုပြီး အနာရင်းသွားမှဒုက္ခပဲ။

ဒါပေမယ့် ဂျောင်ဂုလုပ်လိုက်တဲ့အပြုအမူကြောင့် အကြီးအကျယ် shockရသွားခဲ့သည်။

သူအကုန်လုံးကိုမှတ်မိနေသေးတယ် ဒါဆိုဘာကြောင့်များ ထွက်သွားခဲ့ရတာလဲ ဘာလို့အခုမှပြန်ရောက်လာတာလဲ။
သေချာပေါက် အကြောင်းအရင်းကတော့တိမ်မြုပ်နေခဲ့တာ။

ယူရှင်းသတိပေးခဲ့သလိုမျိုး ဂျောင်ဂုကသာမာန်မိတ်ဆွေတစ်ယောက်လိုမျိုး ကျွန်တော့်ဆီရောက်လာခဲ့တာမဟုတ်ဘူးပေါ့။

အကုန်လုံးကနောက်ကျကုန်ပြီလေ။
အစတောင်မပျိုးရသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်က ဘယ်တော့မှလဲဖြစ်လာနိုင်တော့မယ်မထင်ဘူး။

အံဆွဲထဲမှာထည့်သိမ်းထားတဲ့ခရုလက်ပတ်လေးကိုထုတ်ကြည့်မိသေးတယ်။

ဘာကိုဝမ်းနည်းလို့ဝမ်းနည်းနေမှန်းတောင်မသိတဲ့ကျွန်တော့်အဖြစ်ကရီစရာတော့ကောင်းသား။

THE FIRST TIME WE MET 🌊
_

_
တာဝန်နဲ့ပတ်သက်ပြီးတစ်ခါမှအကူအညီမတောင်းခဲ့ဖူးသည့်ထယ်ယောင်းက ဒီနေ့ဂိတ်တံခါးဖွင့်ရမည်ကို သူ့အားကူညီပေးရန်ပြောလာခဲ့သည်။

"ဘာလို့လဲ မင်းနေမကောင်းဘူးလား"

"မဟုတ်ပါဘူး ငါနောက်မှအေးဆေးရှင်းပြပါ့မယ် ဒီတစ်ခါတော့ကူညီပါကွာနော်"

"အေးပါ ဒီဟာလောက်ကတော့ပြောနေစရာလိုလား ငါကမင်းနေမကောင်းဖြစ်တယ်ထင်လို့စိတ်ပူပြီးမေးလိုက်တာ တစ်မျိုးမထင်နဲ့"

"ငါသိပါတယ် ယူရှင်း ကျေးဇူးပါပဲ"

"အေးအေး"

‌‌မနက်တည်းကသတိထားမိခဲ့တာ ထယ်ယောင်းမျက်နှာလုံးဝမလန်းဘူး။
အရင်ဆိုကျောင်းမှာတွေ့သမျှလူတွေအကုန်လုံးကိုဖော်ဖော်ရွေရွေနှုတ်ဆက်တတ်သည့်သူက အခုလိုမရွှင်မလန်းဖြစ်နေတာမြင်ရတော့ဘေးကကိုယ်ပါမနေတတ်။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now