Part . 15🌊

2.5K 261 21
                                    

Unicode

ဆွန်းလီ၏မွေးနေ့အတွက်မိဘမဲ့ဂေဟာတစ်ခုသို့အလှုပြုရန်လုပ်အားပေးအနေဖြင့်လိုက်လာခဲ့ခြင်းဖြစ်သည်။

ကြားထဲမှာ ကျောင်းပိတ်ရက်ရှည်ငါးရက်ခံနေသောကြောင့်မင်ဂူလေးကိုပါ စိတ်အပန်းဖြေလိုဖြေငြားကျုရှင်ပိတ်ပေးလိုက်၏။

အမှန်တော့ဂျောင်ဂုကြောင့်လဲပါသည်။ ဖြစ်နိုင်လျှင်ဒီအတောအတွင်းသူနဲ့မတွေ့ချင်ပါ။

သစ်ပင်အရိပ်အောက်တွင်ထိုင်ရင်း ကွင်းပြင်ထဲပြေးလွှားဆော့ကစားနေကြသည့်ကလေးငယ်များကိုကြည့်နေမိသည်။

ဘယ်လောက်တောင်မှဖြူစင်လိုက်သလဲ။ ဒီချစ်စရာကလေးလေးတွေကို စွန့်ပစ်သွားကြတဲ့မိဘများကိုအံ့ဩရပါတယ်။ လူ့လောကကြီးထဲမှာရှင်သန်နေရတဲ့အချိန်အတွင်း ဝမ်းနည်းစရာကြုံလာတဲ့အခါနှစ်သိမ့်ပေးမည့်မိဘရင်ခွင်ဆိုတာမရှိ၊ ဂုဏ်ယူလောက်စရာတစ်စုံတစ်ခုကိုစွမ်းဆောင်နိုင်ခဲ့ချိန်မှာလဲ ပီတိအပြုံးများဖြင့်ကောင်းချီးဩဘာပေးမည့်သူမရှိ။ ရက်စက်ကြပါပေတယ်။

ကျွန်တော်တို့နေထိုင်လျက်ရှိတဲ့ကမ္ဘာလောကကြီးထဲမှာ အရက်စက်ဆုံးကလူသားတွေပါတဲ့။ ဖေဖေပြောခဲ့တုန်းက ကျွန်တော်ဒါကိုလက်မခံနိုင်ခဲ့ဘူး။ အရွယ်တစ်ခုကိုရောက်လာတဲ့အချိန်မှာ ဖေဖေဟာအမှန်တွေကိုသာဆိုခဲ့ကြောင်း သဘောပေါက်လာခဲ့ပါတော့တယ်။

_

_

_

“အကိုထယ်ယောင်း”

ခေါ်သံတစ်ခုကြောင့်မော့ကြည့်တော့ နဖူးတွင်ချွေးစလေး‌တွေစို့နေသည့်ဆွန်းလီ။

လက်ထဲမှအားဖြည့်အချိုရည်ကို ကျွန်တော့်ဆီကမ်းရင်း ပြုံးပြီးငုံ့ကြည့်နေတာ။

သူမဟာအင်မတန်လှပတဲ့မိန်းကလေးတစ်ယောက်ပါ။

ယောကျ်ားလေးတိုင်းရဲ့အိမ်ထောင်ဖက်စံနှုန်းမျိုးနဲ့ကိုက်ညီတဲ့သူ။

ဂျောင်ဂုနဲ့မတွေ့ဆုံဖြစ်ခဲ့ရင် ဆွန်းလီဟာ ကျွန်တော့်ရဲ့အချစ်ဦးဖြစ်နိုင်လေမလား။

လက်ထဲမှအချိုရည်ဘူးကို လှမ်းယူရင်း

“ကျေးဇူးပါပဲ ဆွန်းလီ”

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now