Part . 14🌊

2.4K 255 12
                                    

Unicode

"မင်း.."

အသိဝင်လာတဲ့အစ်ကိုက ရင်ဘတ်ကိုအတင်းတွန်းထုတ်ရင်းသူ့ပေါ်ကထဖို့ပြင်နေသည်။
ခါးကိုတင်းကျပ်အောင်ဖက်ထားသည့်ဂျောင်ဂုရဲ့လက်တွေကြားထဲရုန်းမထွက်နိုင်ဆဲဖြစ်နေတဲ့ထယ်ယောင်း။

"လွှတ်! ငါ့ကိုလွှတ်လို့ပြောနေ...အွတ်"

ဖြစ်ချင်ရာဖြစ်ဆိုပြီး နောက်ထပ်တစ်ကြိမ် မလွတ်မြောက်ချင်တော့တဲ့အစ်ကို့ရဲ့နှုတ်ခမ်းထက်မှာရူးသွပ်စွာပင်ထပ်မံကျရှုံးတယ်။

အသက်ရှုရပ်မတတ် နမ်းနေသည့်ဂျောင်ဂု။
ထယ်ယောင်းချွေးစေးတွေပျံလာခဲ့သည်။
ပထမဆုံးကြုံခဲ့ရသည်မို့ ကြောက်လဲကြောက်တယ် ရှက်လဲရှက်တယ်။

မျက်ရည်တွေအဆက်မပြတ်စီးကျနေသည်။
ဂျောင်ဂုက အရှေ့သွားဖြင့် အတင်းပိတ်ဆို့ဖို့ကြိုးစားနေသည့်ထယ်ယောင်း၏နှုတ်ခမ်းအားကိုက်ချလိုက်၏။

"အာ့" ခနဲအသံပြုရင်း နာသွားလို့ငြီးငြူမိချိန်ကိုအခွင့်ကောင်းယူကာ ဝင်ရောက်လာခဲ့သည့်ဂျောင်ဂု၏လျှာဖျားအထိအတွေ့။

ထိတ်လန့်သွားသည့်မျက်ဝန်းလေးများက တုန်ယင်စွာဖြင့်ပြူးကျယ်ကုန်သည်။
ထယ်ယောင်း၏မျက်နှာကို တစ်ဖက်ကကိုင်ရင်း လက်တစ်ဖက်ကလဲခါးပေါ်မှမလွတ်စေရ။

သူ့လျှာအား‌ ထိတွေ့ရစ်ပတ်နေသည့် ဂျောင်ဂု၏ပူနွေးနွေးလျှာဖျားကြောင့် တစ်ကိုယ်လုံးကြက်သီးတွေပင်ထလာခဲ့သည်။

"မ_မလုပ်ပါနဲ့"

နမ်းနေရင်းကြားထဲမှ ဝူးဝါးဝူဝါးဖြင့်ပြောနေသည့်ထယ်ယောင်း။
အရာအားလုံးကိုမကြားချင်ယောင်ဆောင်ထားသည့်ဂျောင်ဂုက လုံးဝအလျှော့မပေးခဲ့။

ခုနစ်မိနစ်စာလောက်နမ်းခဲ့လို့အပြီးမှာ မောဟိုက်လာသည့်ထယ်ယောင်း၏လက်သီးဆုပ်လေးများဟာ အစောပိုင်းတုန်းကလိုတဖုန်းဖုန်း မထုရိုက်နိုင်တော့ပါ။

ဂျောင်ဂုတစ်ယောက် မိမိ၏ရင်ဘတ်ပေါ်မှာ အားလျော့စွာဖြင့်ပြေးလွှားနေသည့်လက်သီးနှစ်ဖက်ကြောင့်အမြန်ပင် မျက်နှာကိုဆွဲခွာပစ်လိုက်၏။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now