Part.10🌊

2.5K 272 37
                                    

Unicode

ဖြောင်း!!

"ဘာပြောတယ် ပြန်ပြောလိုက်စမ်း"

ဂျွန်စံအိမ်တော်၏ ဧည့်ခန်းမကြီးအလည်၌ကြမ်းပြင်ပေါ်တွင်ဒူးထောက်ထိုင်နေသည့်မိန်းမပျိုငယ်

ထို့နောက် မီးဟုန်းဟုန်းထတောက်မတတ်ပင် ဒေါသအပူမီးတို့ဖြင့်တောက်လောင်နေသည်က သခင်မကြီး

"ကျွန်မရဲ့ကလေးကို တစ်ယောက်တည်းပဲပြုစုပျိုးထောင်ပါရစေ"

သူမစကားအဆုံး လှောင်ပြုံးတစ်ချက်က ဧည့်ခန်းမထဲလွင့်ပျံသွားသည်။

"ငါကအာ့လို လုပ်ခွင့်ပေးမယ်လို့နင့်ကိုဘယ်အရာတွေကများယုံကြည်ချက်ရှိစေတာလဲ ငါ့မျိုးရိုးကိုဒီစံအိမ်နဲ့ဝေးရာဘယ်အရပ်ကိုမှဆွဲထုတ်သွားခွင့်မရှိဘူး

ငါ့အမိန့်ကိုလွန်ဆန်မယ်ဆိုရင် မွေးလာမယ့်ကလေးကိုဂျွန်အိမ်တော်ရဲ့သန်းခေါင်စာရင်းထဲထည့်ပြီး နင့်ကိုစွန့်ပစ်လိုက်လို့ရတယ်နော်"

မျက်ရည်တွေဟာပါးပြင်တစ်လျှောက်တလိမ့်လိမ့်စီးဆင်းလာသည်။

အရှေ့မှာ တံတိုင်းသဖွယ်ဆီးကာပေးထားမည့်ချစ်ရသူကထားရစ်ခဲ့ပြီ။

ဒီမျိုးရိုးကိုကြောက်သော်ငြားလဲ နှလုံးသား၏အလိုအားငြင်းဆန်လို့မရခဲ့တာကြောင့် စံအိမ်ရဲ့မြေးအကြီးဖြစ်သူ ဂျွန်ယောဂူနှင့်မေတ္တာမျှခဲ့ကြသည်။

သူနာပြုဖြစ်တဲ့သူမက သခင်မကြီးကိုအနီးကပ်ပြုစုခဲ့ရတာမလို့ စံအိမ်တော်သို့အဝင်အထွက်လုပ်နေခဲ့ရာမှ မောင်နဲ့အနေနီးစပ်လာရင်းသဘောကျနှစ်သက်မိပါသည်။

ကြံရာမရာတဲ့အဆုံး မျက်စိရှေ့မှာမြင်နေရတဲ့ ခြေဖဝါးဖြူနုနုကိုဦးတိုက်ရင်း

"တောင်းပန်ပါတယ် ကျွန်မမှားသွားပါတယ် ကလေးနဲ့တော့မခွဲပါနဲ့....သခင်မကြီးစီစဉ်တာမှန်သမျှကျွန်မလက်ခံပါ့မယ်"

"ငါမသိဘဲ ကလေးကိုမွေးဖို့ကြိုးစားနေတာနဲ့တင် နင့်အပြစ်ကကြီးနေပြီ တုံးလိုက်တဲ့ကလေးမ ကိုယ်လုပ်နေတဲ့ဆေးရုံမှာပဲ ကိုယ်ဝန်သွားစစ်ရတယ်လို့
အာ့ဆေးရုံတစ်ခုလုံးက ဘယ်သူ့လက်အောက်ကလဲဆိုတာမေ့နေသလား!!"

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now