Part.8🌊

2.5K 270 41
                                    

Unicode

"ဟော လာကြပြီလား အဖွားကမျှော်နေဝာာ"

မိခင်ဖြစ်သူ၏လက်တစ်ဖက်ကိုဆုပ်ကိုင်ထားသည့်မင်ဂူလေးက စံအိမ်၏တော်ဝင်မင်းသားလေးတစ်ပါးအတိုင်း အရိုအသေပြုသည်

"နေကောင်းပါရဲ့လား ဖွားဖွားကြီး"

ရှစ်နှစ်....အသက်ရှစ်နှစ်သာရှိသေးတဲ့သူမ၏သားငယ်လေးက ရင့်ကျက်နေလိုက်တာ
သားကသူမရဲ့ဘဝ သူမရဲ့အရာရာပါပဲ

ဆုပ်ကိုင်ထားတဲ့သားရဲ့လက်ဖဝါးနုနုကိုမသိမသာတင်းကျပ်စွာပိုတိုးလို့ချိတ်ဆက်ထားမိတယ်

"ကောင်းပါတယ်ကွယ် ဝင်ကြလေ"

ခမ်းနားလွန်းလှသည့်ပြင်ဆင်မှုမျိုးဖြင့်ထည်ဝါလှတဲ့ဂျွန်စံအိမ်တော်၏ဧည့်ခန်း

နို့နှစ်ရောင်နံရံပြင်ကျယ်ကြီးပေါ်တွင်ချိတ်ဆွဲထားသည့်ကနုတ်‌ဘောင်ခပ်ကြီးကြီးဖြင့်မိသားစုဓာတ်ပုံ

အဖေရယ် အမေရယ် သမီးလေးရယ်

ထို့နောက် နံဘေးတွင်ထပ်မံချိတ်တွယ်ထားသည်မှာ ကျန်ရှိခဲ့တဲ့ဂျွန်မိသားစုဝင်များနှင့်တွဲဖက်ရိုက်ထားခဲ့သည့်ပုံ

ဒီဧည့်ခန်းကြီးထဲကိုရောက်တိုင်း ကျွန်မလေ နံရံပေါ်ကဓာတ်ပုံတွေကိုကြည့်ပြီးနှလုံးသားတစ်ခုလုံးဆွဲညှစ်ခံထားရသလိုနာကျင်ရတယ်

ဒီအိမ်မှာဖြစ်ပျက်ခဲ့တဲ့အရာမှန်သမျှဟာ သူမရဲ့မှတ်ဉာဏ်ထဲမှာသေရာပါတဲ့ထိစွဲကျန်ရစ်နေလိမ့်အုန်းမယ်

"စာတွေလိုက်နိုင်ရဲ့လား ကလေး"

"လိုက်နိုင်ပါတယ် ဖွားဖွားကြီး"

"ဒီလိုပဲဖြစ်ရမှာပေါ့ ဂျွန်စံအိမ်ရဲ့သွေးသားကပညာရေးမှာသူများထက် နောက်ကျလို့ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား ကလေး"

"ဟုတ်ကဲ့"

မင်ဟီးစိတ်ညစ်တဲ့အထဲမှာထိုအရာများလဲပါဝင်သည်
သူမဟာသားဖြစ်သူကိုကျောင်းစာနဲ့ပတ်သက်လာလျှင်ဘာတစ်ခုမှဖိအားပေးခြင်းမရှိခဲ့ပါ

သားငယ်ဟာ စာကျက်ချိန်ကျက် မှတ်ချိန်မှတ်တတ်သည့်သူမျိုးမို့ဒီအရာတွေထိလိုက်ပြီးမပြောလဲဖြစ်ပါတယ်

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now