[ FINAL ]🌊

4.8K 298 21
                                    

Unicode

"ဟင်"

ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ယိမ်းခနဲ အနောက်သို့လှည့်လာတဲ့အခါ ဒူးခေါင်းထိပ်ချင်း ထပ်လျက်သား။ အဖြူရောင် ရှပ်အင်္ကျီလက်ရှည်နှင့် အဖြူရောင် ဘောင်းဘီရှည်လေးကိုတွဲဖက်ဝတ်ဆင်ထားသည့် ထယ်ယောင်း၏ချောမောမှုများဟာ ဂျောင်ဂု ရင်အစုံအေးချမ်းသွားစေနိုင်သည့် ဖြစ်တည်မှုလေး။

"ဘာကိုပြောတာလဲ အစ်ကို"

"ဧည့်သည်အဖြစ် မင်းရင်ခွင်မှာတစ်သက်လုံး ခိုနားခွင့်ပြုပါလား"

"........"

"အဖိုးအခအနေနဲ့ အချစ်တွေပြန်ယူချည်ပေါ့"

လှိုက်ခနဲ တတ်လာသည့်ကြည်နူးခြင်းတွေကို ဘယ်အရာနှင့်တိုင်းတာရမည်မှန်းတောင်မသိပါ။ ရွှန်းရွှန်းစိုနေသည့် မျက်ဝန်းလေးတွေဖြင့်စိုက်ကြည့်နေသည့် အစ်ကို့ပုံရိပ်လေးဟာ မနက်ခင်းရဲ့ နေရောင်ခြည်လိုမျိုး နွေးထွေးပြီးလုံခြုံသည်။ ကိုယ်တိုင်ကြိုးကိုဖြတ်ချပစ်ခဲ့သည့် စွန်လေးဟာ ကောင်းကင်ရဲ့တစ်နေရာဆီပျံဝဲလို့အပြီး အဆုံးသတ်မှာတော့ ဒီလူ့ဆီပဲ ဆိုက်ရောက်ခဲ့သည်။

"ကျွန်တော့်ဆီလာရင် အစ်ကိုပဲခံစား_"

"ရှုး! ဘယ်သူကလဲ၊ ငါကလား?"

ဂျောင်ဂု၏ နှုတ်ခမ်းပါးပေါ် ထိကပ်လာသည့် လက်ညှိုးလေး။ ထို့နောက် မျက်နှာအား နဂိုအနေအထားထက်ပို၍ နီးကပ်သွားအောင် တိုးလာရင်းဖြင့်...

.

.


.

"ခံစားရမှာဆိုးလို့ ဒီကိုလာတာလေ၊ ပြန်လွှတ်ချင်နေတာတော့မဟုတ်သေးဘူးမလား"

".........."

ပြူးတူးတူးကြည့်နေတဲ့ ရွှေဝါရောင်ခြင်္သေ့ခေါင်းကြောင့် ထယ်ယောင်းမဆိုစလောက် စိတ်‌ဆတ်လာ၍ ဝုန်းခနဲမတ်တပ်ထရပ်တော့ မော့ကြည့်လာသည်။
ကလေးဆိုလဲကောင်းသား။ အာ့မှာ, တုံးချင်အုန်း ဆိုပြီး ဖင်လေးကိုနာနာရိုက်ပစ်တယ်။

"တော်ပါပြီ၊ ပြန်တာပဲကောင်း_ အမေ့!!"

အားနဲ့ဆွဲချလိုက်သည့် လက်တစ်ဖက်ကြောင့် လူတစ်ကိုယ်လုံး ဗရုတ်သုတ်ခပြုတ်ကျကုန်သည်။ ကြမ်းပြင်ပေါ်၌ အကျအနထိုင်နေတဲ့ ဂျောင်ဂုရဲ့ပေါင်ပေါ်မှာ ခန္ဓာကိုယ်က ငုတ်တုပ်ကြီးဖြစ်နေပြီး မျက်နှာဟာ မို့မောက်နေတဲ့ရင်ဘတ်သားပေါ်ပြေးကပ်၏။ အရုပ်တစ်ရုပ်လို ပွေ့ပိုက်ထားတာကြောင့် ဘာများဖြစ်တာလဲဟုတွေးမိသည်။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now