Part . 23🌊

2.5K 238 4
                                    

Unicode

ခေါင်းတစ်ခုလုံး, အုံကျင်စွာဖြင့်နိုးထလာခဲ့ရသည့်မနက်ခင်း။ ပင်လယ်ထက်မှ ပျံ့လွင့်လာတဲ့ လှိုင်းသံတဝုန်းဝုန်းနှင့် ဇင်ယော်ငှက်တို့၏ အုပ်စုလိုက်မြည်တမ်းနေကြသံ။
ပြန်တွေးမိရင် သောက်ခဲ့တဲ့အနေအထားက ဦးနှောက်သွေးကြောပေါက်မသေသွားပဲ ခုထက်ထိအသက်ရှုနေနိုင်တာဟာ အံ့ဩစရာလို့ဆိုရပေမည်။
ကိုက်ခဲနေသည့် ခေါင်းကြောင့် နားထင်ကြောကိုလက်ဖြင့်အသာဖိရင်း အိပ်ယာပေါ်တွင်ခပ်လျှောလျှောအနေအထားဖြင့်ထိုင်နေလိုက်သည်။ အိပ်ယာ_

"ဟမ်"

နောက်ဆုံးမှတ်မိခဲ့တာဟာ အိမ်ရှေ့က ကြမ်းပြင်ပေါ်မှာထိုင်ရင်း သောက်နေခဲ့သည်။ မူးရူးနေတုန်း လေးဘက်ကုန်းပြီးအိပ်ယာပေါ် ကိုယ့်အားကိုယ်ကိုး၍တတ်ခဲ့လေသလား။ ပြန်တွေးကြည့်လေ ခေါင်းထဲဘာမှပေါ်မလာလေဖြစ်နေတာမို့ ကျစ်ခနဲစုတ်သက်ရင်း ကုတင်ပေါ်မှထလိုက်သည်။
ဘဝက အမြဲတမ်းမူးနေကာမှ အဆင်ပြေတော့မယ်ထင်၏။ လူလိုသူလို သတိပြန်ကပ်တဲ့အချိန်တိုင်းမှာ အစ်ကို့ကိုသတိရသည်။ တွေ့ချင်သည်။ နမ်းရှုံ့ချင်သည်။ ထွေးပွေ့ထားချင်သည်။ သို့ပေမယ့် အခုချိန်လောက်ဆို အစ်ကိုဟာမိသားစုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်နေရော့မည်ထင်။

လွမ်းတယ်၊ ကျွန်တော် အရမ်းလွမ်းနေတယ် အချစ်။

မနေ့ညက အိပ်မက်ထဲလာခဲ့သည်။ နီတာရဲနှာခေါင်းထိပ်လေးဖြင့် အစ်ကိုကသူ့အား ကလေးတစ်ယောက်သဖွယ် ဆံပင်တွေကြားထဲလက်ထည့်၍ပွတ်သက်ပေးနေခဲ့သည်။
ပါးပြင်ပေါ် ၊ နဖူးပေါ်၊ နှုတ်ခမ်းပေါ်ခြွေခဲ့တဲ့ အစ်ကို့ရဲ့အနမ်းတစ်ချက်စီကိုခံယူမိသည့်အချိန်တိုင်းဟာ နိဗ္ဗာန်ဘုံ။
ကင်မ်ထယ်ယောင်းဆိုတဲ့နာမည်လေးကို ရေရွတ်မိတိုင်း ဘယ်ဘက်နှလုံးအိမ်ထဲ နွေးထွေးသွားခဲ့ရသည်မှာ နေ့စဉ်မပျက်။

အစ်ကိုပျော်ရွှင်ဖို့ပဲလိုတယ်။ ဒီကောင်ကြောင့်ထပ်ပြီးထိခိုက်နာကျင်စရာတွေဖြစ်မလာစေဖို့လိုတယ်။ မိသားစုနဲ့ယှဉ်လာရင် စိတ်ပင်ပန်းရအုန်းမည့်ပုံစံလေးကိုမကြည့်ချင်တော့ဘူး။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now