Part . 18🌊

2.4K 229 6
                                    

Unicode

"ခင်ဗျား ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"

ဂျောင်ဂု၏လက်ထဲမှအထုပ်များအားကြည့်ရင်းမေးလိုက်သည်။ ထယ်ယောင်းကအပြစ်သားတစ်ယောက်လိုပင်ခေါင်းငုံ့ထား၏။ ဘာတွေလဲ။ ဘာတွေဖြစ်နေကြသလဲဆိုတာသူသိရမှဖြစ်မည်။

ထယ်‌ယောင်းဟာ သူ့သူငယ်ချင်းဖြစ်တာမလို့ ကောင်းသည်ဆိုးသည်ကိုအမုန်းခံ၍ပြောဖို့လဲဝန်မလေးပါ။

"အစ်ကိုနဲ့ညနေစာစားမလို့လေ...ဟုတ်တယ်မလား"

ထယ်ယောင်းဘက်သို့စောင်းငဲ့ကြည့်ကာ မထီမဲ့မြင်ပုံစံမျိုးဖြင့်ပြန်ပြောလာသည့်ဂျောင်ဂု။
ကျဉ်းထဲကျပ်ထဲရောက်နေသည်မို့ အောက်နှုတ်ခမ်းကိုသာဖိကိုက်ထားမိတော့သည်။

တဖြည်းဖြည်းတင်းမာလာသည့်လေထုအခြေအနေကြောင့်ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုဦးနှောက်ကအဖြေမထုတ်နိုင်သေး။

"ယူရှင်း..လောလောဆယ်မင်းပြန်လိုက်ပါ။ ငါနောက်မှအားလုံးရှင်းပြပါ့မယ်"

"ထယ်ယောင်းရာ...ငါဒီလောက်ပြောထားရက်နဲ့ကွာ"

ယူရှင်းက သူငယ်ချင်းဖြစ်သည့်ထယ်ယောင်းအပေါ် အနည်းနဲ့အများသက်ရောက်မှုတွေရှိလာမှာကိုကြိုသိလို့ဒီလူနဲ့ဝေးဝေးနေခိုင်းခဲ့ခြင်းဖြစ်သည်။ ဒါကို ထယ်‌ယောင်းဟာသူ့စကားကိုနားမထောင်ခဲ့ပေ။

အခုထမင်းတောင်အတူတူလက်ဆုံစားနေကြပြီဆိုတော့ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက သာမာန်ရောဟုတ်သေးရဲ့လား။

"အစ်ကိုက ကလေးမဟုတ်ဘူး ဘယ်ဟာအမှား ဘယ်ဟာအမှန်သူအကုန်သိတယ် ခင်ဗျားအကြောင်းစုံမသိဘဲဝင်မပါရင်ကောင်းလိမ့်မယ်"

"ဘာကွ!"

အမြဲတမ်းပျော်ပျော်နေတတ်သည့်ယူရှင်းကဒေါသထွက်သည်မှာအလွန်ရှားသည်။ ဂျောင်ဂု၏စကားကရန်စသလိုဖြစ်သွားတာကြောင့် ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လာရင်း အင်္ကျီကော်လံစကိုဆွဲပြီးထိုးဖို့ပြင်တော့၏။

"ယူရှင်း! ရပ်လိုက်"

ဂျောင်ဂုကလဲ တစ်ဖန်ပြန်ဆောင့်ဆွဲပြီးအချေအတင်ဖြစ်နေကြသည်။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now