Part .12🌊

2.5K 255 16
                                    

Unicode

ညဘက်ကြီးရောက်လာခဲ့သည်မှာ ဟန်မြစ်ကမ်း‌ဘေး။

လမ်းလျှောက်ထွက်နေကြသော ကွက်တိကွက်ကြားလူတစ်ချို့သာရှိသည်။

လေပြည်အဝေ့မှာအနည်းငယ်လူးလွန့်သွားတဲ့ ဂျောင်ဂု၏ရွှေဝါရောင်ဆံနွယ်များ။

စတွေ့ခါအချိန်တုန်းက တိုကပ်ကပ်ညှပ်ထားခဲ့သည့်ဆံပင်တို့မှာ အခုများကျ ဂုတ်နားထိပင်ရောက်လုနေပြီ။

ဝါဖန့်ဖန့်လမ်းမီးတိုင်၏အကူအညီဖြင့် ဂျောင်ဂု၏ဘေးတိုက်မျက်နှာအနေအထားအားရှင်းလင်းစွာမြင်နေရသည်။

မိနစ်အတော်ကြာသည်ထိစကားမပြောဖြစ်ကြ။

ကိုယ်တိုင်က နားထောင်သူအနေဖြင့်လိုက်ပါလာခဲ့သည်မို့ ပြောပြမယ့်သူ၏စကားလုံးတို့ကိုသာစောင့်ဆိုင်းနေမိတယ်။

ရောက်ကတည်းက ရှေ့မှာတွေ့နေရသည့် ဟန်မြစ်ကြီးကိုပဲကြည့်နေတော့တာ။

ငယ်စဉ်အခါတုန်းကလိုမျိုး ဘူဆန်ပင်လယ်ပြင်ကျယ်ကြီးအား တမေ့တမောငေးနေခဲ့ဖူးသည့်ချာတိတ်လေးကိုမြင်ယောင်မိပြန်သည်။

အတိတ်ကို စဉ်းစားမိချိန်တိုင်း သူပြုံးနေမိတုန်းပဲ။

“အာ့နေ့…”

ဂျောင်ဂုဘက်မှလှုပ်လှုပ်ရှားရှားဖြစ်လာတာကြောင့် တွေးနေသည်မှရုန်းထွက်ရင်း ပစ္စပ္ပုန်ဆီသို့အာရုံစိုက်ထားလိုက်သည်။

“အစ်ကို့ဆီ ကျွန်တော်ဖုန်းဆက်ဖို့အတွက် တစ်နာရီကိုဝမ်ငါးရာပေးရတဲ့အိမ်ကိုသွားခဲ့တဲ့လမ်းမှာ..”

FLASH BACK//

ဆယ့်နှစ်နှစ်အရွယ် ရွှေအိုရောင်ဆံပင်အုန်းမုတ်ခွက်ကေလေးဖြင့် ကောင်လေးတစ်ယောက်။

ကွင်းထိုးဖိနပ်စီးထားသည့် ခြေဖဝါးပြင်လေးတို့မှာသဲသောင်ပြင်ပေါ်မှ တစ်ချက်တစ်ချက်ကင်းကွာသွားသည်။

အစ်ကို့အသံလေးကြားခွင့်ရတော့မည်ဆိုတဲ့အသိကြောင့် တစ်လမ်းလုံးခုန်ဆွခုန်ဆွဖြင့်ယုန်ငယ်လေးတစ်ကောင်လိုလျှောက်နေတာ။

ပင်လယ်ပြင်ဆီမှတိုက်ခတ်လာတဲ့ လေပြည်တွေဟာဒီနေ့မှပင်ပို၍အေးမြနေသယောင်ထင်ရသည်။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now