2.

3.2K 339 8
                                    

ရိပေါ် ကဏာမငြိမ်ဘူး။ သူနဲ့ ကိုကိုက တမိုးအောက်တည်းမှာ အတူရှိနေရတယ်ဆိုတဲ့ စိတ်နဲ့တင် နှလုံးသားလေး နွေးတယ်။

ကောင်တာကနေ ထွက်ပြီး စာအုပ်တွေပြန်စီသလိုလိုနဲ့ ကိုကိုရှိနေတဲ့ဖက်ကို လှမ်းကြည့်ရတာလည်း အမောပဲ။

ကိုကိုက စာအုပ်တွေကိုယူပြီး ဟိုလှန်ဒီလှန်လုပ်ရင်း ကြည့်နေသေးတယ်။ ရုပ်တည်ကြီးနဲ့အပြင် တွန့်ချိုးထားတဲ့ မျက်မှောင်တွေကိုလည်း ငုံ့နေရင်းတောင် မြင်တွေ့ရသလိုပါပဲ။

"ဟတ်ချိ"

လူနှစ်ဦးသာရှိတဲ့ စာအုပ်ဆိုင်ထဲ ရိပေါ်ရဲ့ နှာချေသံဟာ ပျံလွင့်သွားတယ်။ ရိပေါ်ကတော့ မျက်နှာကို လက်ဖျံနဲ့ အုပ်ရင်း ကိုကိုရှိရာကို ငေးမိတယ်။

ဟင်... ကိုကိုက နှာချေသံကို ကြားပုံတောင်မပေါ်ဘူး။ ရိပေါ် စိတ်ညစ်သွားတယ်။ အများကြီးမမျှော်လင့်ပေမယ့် နှာချေသံကြားရင် စိတ်ပူစွာ လှည့်ငေးမလားလို့တော့ ထင်ခဲ့မိတယ်။

ကိုကိုက ကောင်တာကိုပြန်လျှောက်လာတယ်။ လက်ထဲမှာလည်း စာအုပ်က နှစ်အုပ်သုံးအုပ်။

ကောင်တာပေါ်ရောက်လာတဲ့ စာအုပ်တွေရဲ့ အပေါ်ရိပေါ် လှမ်းလို့ငေးတယ်။

"ချစ်ခြင်းရဲ့ နာကျင်ခြင်းအပိုင်းအစများ"

ကိုကိုက ပြောင်းလဲသွားတယ်။ ကိုကိုက မပြောင်းလဲတာတွေလည်းရှိနေပါတယ်။ ကိုကိုက ကဗျာတွေကို နှစ်သက်တယ်။ ချစ်သူရှိရက်နဲ့ အသည်းကွဲကဗျာတွေကို နှစ်သက်တဲ့ကိုကိုဟာ အသည်းကွဲနေရင်ရော ဘယ်လိုနေလိမ့်မလဲလို့ ရိပေါ်တွေးတယ်။

ရိပေါ်က စကားစဖို့ ပါးစပ်ဟရုံပဲရှိသေး။ ကိုကိုက ကောင်တာကနေ လှည့်ထွက်သွားတယ်။ စိတ်ထဲ အများကြီး မတွေးတော့ဘဲ ငွေရှင်းဖို့အတွက်သာ ကွန်ပျူတာထဲ ကုတ်နံပါတ်တွေ ရိုက်ထည့်နေဖြစ်တယ်။

စုစုပေါင်း ကဗျာစာအုပ်တွေချည်း ငါးအုပ်။

ပြီးတော့ အခုတလော သိပ်လူကြိုက်များပြီး သူတောင် သဘောကျလို့ တစ်အုပ်ယူထားတဲ့ လူကြီးအရောင်ခြယ်စာအုပ်တစ်အုပ်။

Pieces of Hurt Where stories live. Discover now