24.

2.3K 238 23
                                    

"Memory Book Shop မှ ကြိုဆိုပါတယ်"

ရိပေါ်က စာအုပ်စင်က စာအုပ်တွေကို ပြန်စီနေတုန်း ကိုကို့အသံထွက်လာတယ်။
နူးနူးညံ့ညံ့ အသံနဲ့ မို့ ရိပေါ် နှလုံးသားလေးနွေးထွေးလို့။

အခုဆို ကိုကိုက ကောင်တာမှာ ထိုင်တယ်။ ရိပေါ်ကတော့ အသစ်ရောက်လာတဲ့ စာအုပ်တွေကိုစီနေတယ်။

"အာ ယွမ်ယွမ်... "

"ဟုတ် ကျန့်ကော... ရိပေါ်ရော "

"ရှိတယ် ယွမ်ယွမ် ဟိုမှာစာအုပ်တွေ စီနေတယ်"

ယွမ်ယွမ့်အသံကြားတာမို့ ရိပေါ်က ခေါင်းပြူကြည့်တယ်။

ကိုကိုက သူ့အပေါ်သဝန်တိုမနေခဲ့ဘူး။
အရင်လို မျက်နှာကြီးလည်း တည်မနေတော့ဘူး။
နည်းနည်းတော့ ကသိကအောင့်နိုင်တယ်။ ချစ်သူတွေဖြစ်လာရင် နည်းနည်းတော့ သဝန်တိုရမှာမဟုတ်ဘူးလား။

"ဘာတွေလဲယွမ်ယွမ်"

"ယွမ်ယွမ် ကိတ်မုန့်ဖုတ်ကြည့်နေတာ... ကောတို့လည်းစားရအောင် ယူလာတယ်"

"ကျေးဇူး"

ယွမ်ယွမ်က ဘေးတစ်စောင်းလွယ်ထားတဲ့ အိတ်က ကြိုးကို ကိုင်ပြီး အထဲဝင်လာတယ်။

"ဟေ့ ရိပေါ်..."

"ဘာလဲ"

ရိပေါ်က စာအုပ်တွေဆက်ပြီးစီနေတုန်းပဲ။

"ဘာဖြစ်နေတာ?"

"ဟင့်အင်း ဒီတိုင်း"

"ကူစီပေးမယ်"

"အင်း"

သိပ်မကြာခင်ပဲ ရိပေါ်နဲ့ ယွမ်ယွမ်စကားတွေပြောလိုက်ရယ်လိုက်။ သတိတရနဲ့ လှည့်ကြည့်တော့ ကိုကိုက သူ့စာသူထိုင်ဖတ်နေတယ်။

ဒီလောက်ဆူညံနေတာတောင် ကိုကိုက စိတ်အနှောင့်အယှက်မဖြစ်ဘူးလား။

ရိပေါ် စိတ်ကောက်ဖူးချင်တယ်။
အရင်ကလည်း တစ်ဖက်သတ်စိတ်တွေကောက်တယ်ဆိုပေမယ့် ကိုကိုပြန်​ေချာ့တာတော့လိုချင်ပါရဲ့။

ယွမ်ယွမ်က လိုအပ်တာတွေပြောပြီး ကောင်လေးနဲ့ ချိန်းထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပြန်သွားတယ်။

ရိပေါ်ကတော့ စိတ်ကောက်နေတုန်းပဲ။

"ရိပေါ်"

Pieces of Hurt Where stories live. Discover now