အမှောင်ထုတွေဖုံးလွှမ်းသွားတဲ့ အခါ
ချစ်ခြင်းမေတ္တာရဲ့ ပျော်ရွှင်မှုဆိုတာပါ ပျောက်ဆုံးခြင်းကိုရောက်ရှိရတယ်။
•••••
"ပါးက အခုချက်ချင်းခွဲစိတ်ဖို့လိုတာကို အသေခံမယ်ဆိုပြီး သောင်းကျန်းနေတယ်"
ရှောင်းကျန့် ဒါကို ဘာမှမတတ်နိုင်ဘူး။ မောမောပန်းပန်းပြေးလာခဲ့ရခြင်းရဲ့ အနောက်မှာ အမောဆို့ရတဲ့ ဖြစ်စဉ်တစ်ချို့က စောင့်မျှော်နေတယ်။
ခွဲစိတ်လိုက်ရင်သက်သာသွားမယ့် ကိစ္စကို သိပ်ခက်ခဲအောင်လုပ်တယ်။ ရှောင်းကျန့်က ဆံပင်တွေထဲ လက်ချောင်းတွေထည့်ပြီး ထိုးဖွလိုက်တယ်။ သူစိတ်ရှုပ်နေပြီ။ တကယ်ကို စိတ်ရှုပ်ရလို့ ရူးသွားမတတ်ဘဲ။
ရွှယ်လီကလည်း ပင်ပန်းတာကြောင့်သိသိသာသာ ပိန်ကျသွားတယ်။ စိတ်ဆင်းရဲရခြင်းက ရောဂါပိုးတွေလိုပဲ။ ကူးစက်လွယ်လွန်းလို့ ပင်ပန်းရတယ်။
"သူဘယ်မှာလဲ..."
"အိပ်ပျော်နေတယ်..."
"အစားထိုးဖို့အတွက်လည်း လက်ခံမယ် မထင်ဘူး..."
"အလှူရှင်ဘယ်သူဆိုတာကို မပြောရုံပေါ့..."
ကျဲက သိသိသာသာမျက်နှာပျက်တယ်။ အဖေဖြစ်သူရဲ့ အကြောင်းကို သူသိပ်သိတာလေ။
"ကိုကို..."
ရိပေါ်က ရှောင်းကျန့်အတွက် ကုတ်အင်္ကျီတစ်ထည်လက်မှာချိတ်ပြီး ဆေးရုံခန်းရှေ့ရောက်လာတယ်။
ကိုကို့မျက်ဝန်းတွေ နီရဲနေပြန်ပြီ။
"အဆင်ပြေရဲ့လား"
ရွှယ်လီကျဲကိုခေါင်းညိတ်ပြ နှုတ်ဆက်ပြီးတဲ့နောက်တော့ ကိုကိုအဆင်ပြေမလားသိချင်တယ်။ ခေါင်းညိတ်ပြပေမယ့် ကိုကိုပင်ပန်းနေတာများသိသိသာသာ။
"ရိပေါ်လည်းလာပြီဆိုတော့ နင်တို့အထဲဝင်နှင့်... ငါအိမ်က လိုအပ်တာတွေပြန်ယူဦးမယ်"
ရွှယ်လီထွက်သွားတဲ့အခါ ကိုကိုက ဦးဆောင်လို့ ရှောင်းသခင်ကြီးရှိတဲ့ ဆေးရုံခန်းထဲ ဝင်သွားတယ်။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။