6.

2.2K 251 17
                                    

"ဟိုနေ့က လွန်သွားတယ်... "

ကောင်တာပေါ်မှာတင်ထားတဲ့ လက်တွေ နည်းနည်းလှုပ်ရှားသွားတယ်။

"ကော်ဖီသောက်မလား... ဝယ်တိုက်မယ်"

"ကျွန်တော် ကော်ဖီမကြိုက်ဘူး"

ရိပေါ်က ခပ်အေးအေးလေသံနဲ့ဖြေတယ်။ ဒဏ်ရာတစ်လှည့် ဆေးတစ်လှည့်နဲ့။ ပျော့ညံ့တတ်တဲ့ နှလုံးသားဟာ ခံရခက်ချေရဲ့။

"လက် သက်သာလား"

"ဟုတ်"

ရိပေါ်က စာအုပ်စာရင်းတွေဆက်မှတ်နေတယ်။ စိတ်ထဲမှာ ကိုကိုထွက်သွားပါစေပဲ တတိတိရေရွတ်နေတယ်။ မကောင်းဘူး။ နည်းနည်းလေးကြာရင် သူဝမ်းနည်းမိလာတော့မလို ပျော်မိတော့မလိုနဲ့ မရေမရာတဲ့ခံစားချက်တွေ ရောပြွမ်းလာဦးတော့မှာ။

"ကိုယ်တောင်းပန်ပါတယ်... စိတ်တိုနေခဲ့လို့ပါ"

တောင်းပန်စရာဆိုတဲ့အခါ လှုပ်ရှားမှုတွေ မဆိုသလောက်လေးရပ်တန့်သွားပေမယ့် ဒဏ်ရာရခါနီးကလေးလေးလို တွန့်ဆုတ်နေတုန်း။

တိတ်ဆိတ်နေတဲ့ လေထု။
ဆိုင်ရှေ့က ဖြတ်သန်းသွားတဲ့ လက်ဖက်ရည်ရောင်းတဲ့ လှည်းငယ်။

ညနေခင်းတစ်ခုက လိမ္မော်ရင့်ရောင်တွေသမ်းနေပေမယ့် ပျော်ရွှင်လိုက်ဖို့မဝံ့ရဲတဲ့ ကောင်လေးတစ်ယောက်က အဝါရောင်စာအုပ်အဖုံးလေးကို ကုပ်ခြစ်နေခဲ့တယ်။

ကိုကိုက သူ့ကိုတောင်းပန်ပြန်တယ်။

•••••

လိမ္မော်ရင့်ရောင်တွေခြယ်ကာ တိမ်တွေတောက်ခဲ့တဲ့ ညနေခင်းအချိန်ကစလို့ ကိုကို့ကို သူ့မျက်ဝန်းတွေရဲ့ တစ်ထောင့်တစ်နေရာမှာတွေ့ရလေ့ရှိတယ်။

စာအုပ်ဆိုင်ဖွင့်ရက်တိုင်းမှာ ဆိုင်ထဲ ဝေ့လို့လည်လို့။

"လိုက်ပို့ပေးရမလား"

"ရိပေါ်...  ဘာသောက်ဦးမလဲ...  လက်ဖက်ရည်သွားဝယ်မလို့"

"ညနေစာကို အစ်မရှူက ဘာချက်မယ်တဲ့လဲ"

ယုတ်ချည်းပြောင်းလဲသွားခြင်းတွေကြောင့် ရိပေါ်မှာ ပျော်ရမေ့မေ့ ရွှင်ရမေ့မေ့နဲ့ ခပ်ကြောင်ကြောင်ရယ်။

Pieces of Hurt Where stories live. Discover now