6.1

2.3K 288 16
                                    

အပေါ်ယံတွေနဲ့ အုပ်မိုးမွမ်းမံထားတဲ့ လောကကြီးကို

တိတ်တိတ်ကလေး စိတ်ကုန်လာခြင်းက ဟာသမဟုတ်။

••••

တစ်စုံတစ်ခု ကွဲကျသံကြောင့် ရိပေါ် အခန်းရှေ့ အပြေးသွားမိတယ်။

တံခါးပေါ် လက်ဆစ်နဲ့ သုံးလေးချက်ဆင့်ခေါက်ပေမယ့် အသက်ရှူသံ ပြင်းပြင်းအပြင် ဘာမှမကြားရ။

တိတ်ဆိတ်စွာ ပေါက်ကွဲခြင်းဟာ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတယ်။

နာကျင်ခြင်းကို စိုးစဉ်းမျှကို မရှိစေချင်တာ။

"ကျန့်ကော"

မဝင့်မရဲခေါ်တဲ့အသံဟာ မချင့်မရဲနဲ့။

"အဆင်ပြေရဲ့လား"

သူ့အနောက်မှာ တီတီက လာရပ်တယ်။ ဘာဖြစ်လို့လဲဆိုတာကို လေသံနဲ့မေးတော့ ရိပေါ်ခေါင်းအသာလေးပဲ ခါပြဖြစ်တယ်။

ကိုကိုက ဒဏ်ရာတွေနဲ့။
ကိုကိုက နာကျင်မှုတွေနဲ့။

•••••

ပွင့်လာတဲ့ တံခါးချပ်နဲ့ အတူ ပန်းကန်တွေဟာ ကြမ်းပြင်ပေါ်မှာ အပိုင်းအစတွေတစ်ဖြစ် ပြန့်ကျဲနေတယ်။

"ဘာလာလုပ်တာလဲ"

ထိုင်ခုံပေါ်မှာ လျော့ရဲရဲထိုင်နေတဲ့ ရှောင်းကျန့်က မျက်မှောင်တွေကို တွန့်ချိုးထားတယ်။

"အဆင်ပြေရဲ့လား"

"ပြေနေတဲ့ပုံလား"

အခန်းငယ်က တိတ်ဆိတ်သွားတယ်။

"ပန်းကန်ကွဲတွေ ကျွန်တော်ရှင်းလိုက်မယ်"

"ထွက်သွား"

ခန္ဓာကိုယ်ကို တိမ်းညွတ်ပြီး ပန်းကန်ကွဲတွေကောက်ဖို့ပြင်ပေမယ့် လှုပ်ရှားမှုတွေ ယုတ်ချည်းရပ်တန့်သွားတယ်။

"မဆိုင်တဲ့ကိစ္စကို ဝင်လျှာမရှည်နဲ့..."

စကားတွေက မြှားတွေလို စူးရှတယ်။ ရိပေါ်ကတော့ နာကျင်ဖို့ မေ့နေသလိုပဲ။

မျက်ဝန်းတွေကို မဝံ့မရဲလှမ်းငေးတော့ နီရဲနေတဲ့ မျက်သားတွေက ထိတ်လန့်ဖွယ်တွေ့ရတယ်။

Pieces of Hurt Where stories live. Discover now