18.

2.2K 229 12
                                    

တိမ်ကလေးတွေ ပုံဖော်ရမယ့် အရွယ်မဟုတ်ပေမယ့်

နှလုံးသားထဲက အချစ်ကိုတော့ ပုံဖော်တတ်တာများ နွေးနွေးထွေးထွေးပါပဲ။

•••••

ကျဲရွှယ်လီက အိမ်ပြန်ဖို့ပြောတယ်။
နေမကောင်းတဲ့ကိုကိုက လက်ဖျားခြေဖျားတွေ ပြန်အေးပြီး မျက်လုံးတွေနီရဲနေတယ်။

ကျောကုန်းက တဆစ်ဆစ်နာနေတုန်းပေမယ့် ကိုကိုထပ်ပြီး ဖျားနာနေမှာကို ရိပေါ် မလိုလားစိတ်ယိုဖိတ်ရတယ်။

"တီတီက ဟိုတစ်ခါ ပန်းပင်သွားသယ်တဲ့ ခြံကို ထပ်သွားတယ်။ ဟိုမှာ ခဏသွားနေမှာမို့ ကျန့်ကောကို အိမ်ဖက်ပြောင်းခဲ့ဖို့ ပြောသွားတယ်"

အိမ်တံခါးဖွင့်ရင် ပြောတော့ နံရံကိုမှီပြီးကြည့်နေတဲ့ ကိုကိုက မလှုပ်မယှက်နားထောင်နေတယ်။

"ပြောင်းလာမှာလား"

"ကိုကို ဆို?"

ရိပေါ် ကိုင်ထားတဲ့သော့တံတောင်ပြုတ်ကျသွားတယ်။

"အာ"

"ဘယ်ကတည်းက ခေါ်ချင်ခဲ့တာလဲ"

နံရံကိုမှီထားတဲ့ ပုခုံးလေးက တလှုပ်လှုပ်နဲ့ရယ်တယ်။ ရိပေါ်က ရှက်လွန်းလို့ နားဖျားလေးတွေ ရဲစွေးလာရတယ်။

"ခေါ်ပါ မင်းကြိုက်သလို ခေါ်နိုင်တယ်"

အခန်းတံခါးပွင့်သွားတယ်။
ကိုကိုက ခေါင်းအုံးတစ်လုံးနဲ့ စောင်တစ်ထည်ကိုယူပြီး အိမ်မကြီးထဲ ဝင်ဖို့ မျက်ရိပ်ပြတယ်။

ရိပေါ်က အခုထိ အရှက်သည်းနေတုန်းဖြစ်ရတယ်။

နှုတ်ခမ်းလေးတွေတွန့်ကွေးသွားရင်များ။
သွားဖွေးဖွေးကလေးတွေ စီတန်းအောင် ရယ်လိုက်ရင်များ။
မျက်သွယ်ညိုကလေးတွေ ကွေးညွတ်သွားရင်များ။
ရူးပစ်လိုက်ချင်စရာ... ။ မူးပစ်လိုက်ချင်စရာ။

"အဲ့ဒါဆို ကျန့်ကော... အာ... ကို... ကိုကိုက ဒီမှာ အိပ်လိုက်... ကျွန်တော်က တီတီ့အခန်းထဲ အိပ်"

"လာဦး... ဒီမှာလာထိုင်"

ကိုကိုက သူ့စကားတွေမဆုံးခင်ပဲ သူ့အိပ်ရာပေါ်က နေရာလွတ်လေးကို လက်ဖဝါးနဲ့ တဖက်ဖက်ပုတ်တယ်။

Pieces of Hurt Where stories live. Discover now