သာမန်ကျောင်းဖွင့်ရက် နံနက်ခင်းပါပဲ။
ပုံမှန်ဆို ထူးခြားနေမယ့်နေ့မျိုးမဟုတ်ပေမယ့် တစ်ယောက်ဘဝထဲ တစ်ယောက်ဝင်လာတဲ့ အချိန်ကစလို့ ထူးဆန်းသလိုခံစားရတယ်။
မိုးလင်းတိုင်းဆုံရမယ် ဆိုတာမျိုး။
ဒီနေ့ ဘာအကြောင်းတွေ ပြောမလဲဆိုတာရော။ဆယ်ကျော်သက်အရွယ်ကလေး ရိပေါ်က ရင်ခုန်မှန်းမသိ ခုန်တတ်ခဲ့တယ်။
ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို သဘောကျတာ သဘာဝပဲလေ။
ရိပေါ်ရဲ့ သဘာဝကတော့ ကိုကို့ကိုသဘောကျရာကနေ စပြီး ထူးဆန်းလာတာပဲ။ကိုကိုမို့။
ကိုကို့ကိုမို့။
ကိုကိုဖြစ်နေလို့။"ရိပေါ်..."
"ကျန့်ကော..."
"ရောက်တာကြာပြီလား"
"မကြာသေးဘူး ကျန့်ကော... ခုနကလေးတင်"
နှစ်ယောက်ဆံ့တဲ့ ထိုင်ခုံတန်းမို့ ကိုကိုထိုင်လို့ရအောင် တိတ်တိတ်လေး ဟိုဖက်တိုးမိတယ်။
"ပဲပေါက်စီလေး နေကောင်းလား"
ပဲပေါက်စီ။
ဝါညိုရောင်ကြောင်မလေးကို သူတို့နှစ်ဦး ပေးထားတဲ့ နာမည်။"ကောင်းတယ် ရိပေါ်... မနေ့ကတောင် ထမင်းတွေအများကြီးစားတယ်"
"ကိုကို့အတွက်"
ရိပေါ်က ကျောပိုးအိတ် စိမ်းပြာရောင်ကလေးထဲက မုန့်ဘူးလေးကို ထုတ်တယ်။
"တီတီ လုပ်ပေးတာ..."
မုန့်ဘူး လေးထောင့်ထဲမှာ ယုန်ကလေးတွေ။
ယုန်ပုံစံ နာနတ်မုန့်လေးတွေ။"တီတီက အနုစိပ်ရတာ အရမ်းကြိုက်တာ... သူက ပန်းချီဆရာမလေ"
ရိပေါ်လေးက နွေးထွေးတယ်။
တနေ့တစ်မျိုးမုန့်အချိုလေးတွေလုပ်ပေးတတ်တဲ့ ရိပေါ်လေးရဲ့ တီတီကလည်း နွေးထွေးမယ့်ပုံပဲလို့ ရှောင်းကျန့်က ကောက်ချက်ချထားတယ်။"ရိပေါ်ကပဲ မုန့်တွေယူလာတော့ ကောက အားနာနေတာ... ရော့... မင်းအတွက်"
"ဘာကြီးလဲ... ကွတ်ကီးလား"
ဘူးအဝိုင်းရှည်ရှည်လေးထဲမှာ စီရရီထည့်ထားတဲ့ ခပ်ဝိုင်းဝိုင်းမုန့်လေးတွေ။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။