အများကြီး ချစ်တတ်တဲ့ ငှက်ငယ်ကလေးက
ချစ်ရသူကို အများကြီးလည်း အူတိုတတ်သေးတယ်။
ဒါကသိပ်ကိုချစ်စဖွယ်။
•••••
"မောင်... "
အရှက်ဆိုတာ သစ္စာတရားဖောက်ပြားသူတွေအတွက်ဆို နေရာမရှိဘူးထင်တယ်။
ဆေးရုံခန်းထဲကိုဝင်လာတဲ့ အမျိုးသမီးက ထိုနာမည်ကို အသုံးပြုတုန်း။
"ပါပါးနဲ့ ပြေလည်သွားတာ ကျင်ကျင်းသိပ်ဝမ်းသာတာပဲ... "
ရိပေါ်က စာအုပ်အသစ်တွေ လာချမှာကြောင့် ဒီနေ့ဆေးရုံမှာ ရှောင်းကျန့်တစ်ယောက်ပဲရှိတယ်။
"မောင်... သက်သာရဲ့လား"
နွေးထွေးနူးညံ့တဲ့လေသံ။
ဒါကို အတိတ်တုန်းက ထင်ယောင်ထင်မှားနဲ့ ကြင်နာတတ်တယ်လို့ အမြင်တွေစောင်းခဲ့တာရှောင်းကျန့်ဖြစ်မလား။ပြောင်းလဲတတ်တာပဲ သူ့သဘာဝဖြစ်မလား။
"အင်း...သက်သာတယ်"
တစ်ချိန်တုန်းက ဆက်ဆံရေးတစ်ခုအထိ အတိအကျပက်သက်ခဲ့ကြဖူးပေမယ့် အခုတော့ သူစိမ်းတွေ။
ပြီးတော့ ရှောင်းကျန့်အတွက်တော့ ခါးခါးသီးသီးနာကျည်းရတဲ့ သူစိမ်းဖြစ်သွားသူ။
"ဘာစားချင်လဲ... ကျင်ကျင်း မောင့်အတွက် ဖက်ထုပ်ပြုတ်ခဲ့မလို့ကို"
"ရပါတယ်... ကျွန်တော်မဆာဘူး"
ရှောင်းကျန့်အသံက ခပ်ပြတ်ပြတ်ဆန်တယ်။
တကယ်တော့ ဟန်ဆောင်ပြီး ပြောဆိုဆက်ဆံရတာကို အမုန်းဆုံးဖြစ်တယ်။
"မောင့်ရဲ့ ပါပါးကိုလည်း ဝင်တွေ့ဦးမလို့ပဲ... မောင့်ဆီအရင်လာလိုက်တာ"
ရှောင်းကျန့်ရဲ့ ကုတင်ပေါ်မှာ ဝပ်ချထားတဲ့ လက်တစ်ဖက်ကို ရဲတင်းစွာအုပ်ကိုင်တယ်။
အလျင်အမြန်ရှောင်လိုက်တယ်။
မသင့်တော်ဘူး။ လုံးဝကို မဖြစ်သင့်ဘူးဆိုတဲ့အကြောင်းကို ရှောင်းကျန့်နားလည်သဘောပေါက်တယ်။"ကျွန်တော်နဲ့ ခင်ဗျားနဲ့ ဘာမှ မပက်သက်တော့တာကြောင့် အနေအထိုင်ဆင်ခြင်ပေးပါ"
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။