ခွဲခန်းရှေ့မှာ ရိပေါ်တစ်ယောက် ငြိမ်ငြိမ်လေးမတ်တပ်ရပ်နေခဲ့တယ်။
လက်နှစ်ဖက်ကို ဆုပ်နယ်ပြီး စိတ်လှုပ်ရှားနေတာကို ထိန်းရတယ်။
ကိုကိုက တစ်ခြားသူအသက်ကို ကယ်နေတာမို့လို့ ကိုကို့အပေါ်ကို မကောင်းတာတွေ သက်ရောက်မှာမဟုတ်ဘူးလို့ယုံတယ်။
ဒါပေမယ့် ရိပေါ်က ဆက်ပြီးစိတ်လှုပ်ရှားတုန်းပဲ။
"ကလေးငယ်... "
တီတီက အဝေးကနေပြေးလာတယ်။
ခွဲခန်းရှေ့မှာရပ်နေတဲ့သူ့ပုခုံးကို ဖက်ပြီး အသာဖျစ်ညှစ်ပေးတယ်။တီတီသူ့ကို စိတ်သက်သာစေအောင် နှစ်သိမ့်တဲ့အခါတိုင်း ဒီလိုပြုမူတယ်။
"တီတီ စောစောလာခဲ့မလို့... ကားတွေပိတ်နေတာနဲ့ "
"ဟုတ်..."
"အင့် သောက်လိုက်ဦး"
တီတီက ဓာတ်ဘူးလေးထဲက ခပ်နွေးနွေးလက်ဖက်ရည်ကို ရိပေါ်ဆီကမ်းပေးလာတယ်။
"ချာမိုမိုင်းလက်ဖက်ရည်... "
ဒီ ချာမိုမိုင်း လက်ဖက်ရည်က စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အကြောင်းကို တီတီက အမြဲတမ်းပြောတတ်တယ်။
ရိပေါ် စာမေးပွဲဖြေရတဲ့နေ့တွေတုန်းကလည်းချာမိုမိုင်းလက်ဖက်ရည်နွေးနွေးကို တီတီကတိုက်လေ့ရှိတယ်။
"စိတ်ငြိမ်ငြိမ်ထားဦး"
ရိပေါ်က အပြင်ပန်းကတည်ငြိမ်နေတယ်။
အတွင်းစိတ်မှာတော့ ကယောက်ကယက်နဲ့ တစ်ယောက်ထဲ ဗျာများနေတာကို သူ့တီတီကပဲမြင်နိုင်တယ်။
သွားညီညီလေးတွေနဲ့ လက်သည်းတုံးတုံးလေးတွေကို တတိတိကိုက်ရင်းနဲ့ မျက်ခုံးနားလေးတွေကိုလည်း ခဏခဏကုတ်တယ်။
ဒါက ရိပေါ်လေး စိတ်လှုပ်ရှားတဲ့အခါတိုင်း ပြုမူနေကျလေးတွေဖြစ်တယ်။
"ရိပေါ်... စားလိုက်ဦး ညနေကတည်းက မင်းဘာမှမစားရသေးဘူး"
တီတီနဲ့သူ့အနားကို အိတ်တစ်လုံးနဲ့ရောက်လာပြီး အသားညှပ်ပေါင်မုန့်လေးတစ်လုံးထုတ်ပေးတဲ့ ကျဲရွှယ်လီ။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။