မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေလိုမျိုး
လေနှင်ရာလွင့်တဲ့ တိမ်စိုင်တွေလိုမျိုး
အချစ်တွေလွင့်ပါသွားခဲ့မယ်ဆိုရင်ရော ~
••••
"ဆေးလိပ်မသောက်ပါနဲ့... ကျွန်တော်သောက်တုန်းကကျ ဆူနေခဲ့ပြီးတော့... "
ရိပေါ် ဒီလိုပြောဖြစ်လိုက်တော့ ကိုကို့မျက်ဝန်းတွေက ရပ်တန့်သွားတဲ့ အချိန်နာရီတွေလိုမျိုး သူ့ကိုငေးကြည့်နေတယ်။
ပြီးတော့ ခပ်ပြယ်ပြယ်ကလေးပြုံးတယ်။
လှောင်ရယ်ရယ်တော့မယ့် လက္ခဏာဆိုတာကြိုသိနေပေမယ့်လည်း ရှောင်မပြေးရက်ဘူး။
"မင်းက ဉာဏ်ကောင်းလိုက်တာ"
ဒီလိုပြောပြီး ဆေးလိပ်မီးကို လက်မနဲ့ လက်ညှိုးကြားဖိချေပြီး သတ်ပစ်လိုက်တာပဲ။
မပူဘူးလား။
မနာကျင်သွားဘူးလား။ကိုကိုက ကျန်ရှိနေတဲ့ဆေးလိပ်ရဲ့နောက်ပိုင်းကို ကောင်တာပေါ်တင်ပြီး စာအုပ်စင်တွေကြားထဲ ဝင်သွားခဲ့တယ်။
အခုမှပဲ ဝမ်ရိပေါ်ရဲ့ အသက်ရှူနှုန်းဟာ ပုံမှန်ပြန်ဖြစ်သွားရပြန်တယ်။
•••••
"ရိပေါ်... "
"အင်း... ဘာလဲ"
ကျောင်းဝန်းထဲမှာရှိတဲ့ ကြောင်လေးကို ပွတ်သပ်နေတဲ့ရိပေါ်ကို သူငယ်ချင်းဖြစ်တဲ့ ဖန်ရှင်းက လှမ်းခေါ်တယ်။ အတန်းတက်ခါနီးမှန်းသိပေမယ့် ကြောင်ကလေး ဆီကနေ သူမသွားချင်သေးတာတော့ အထက်တန်းဂျူနီယာကျောင်းသားလေး ဝမ်ရိပေါ် ဝန်ခံရပါလိမ့်မယ်။
"အတန်းနောက်ကျရင် မင်း အပြစ်ပေးခံရဦးမယ်"
ကြောင်လေးကို ထပ်ပြီး ပွတ်သပ်ပေးလိုက်ရင်း ပါလာတဲ့ ကွတ်ကီးတစ်ချပ်ကို ထပ်ကျွေးလိုက်တယ်။ ရာသီဥတုက အေးအေးနဲ့ ဝမ်ရိပေါ်ဟာ ဒီအကောင်သေးသေးကို အိမ်အပြန်ခေါ်သွားချင်တယ်။
နွေးထွေးနေအောင် လုပ်ထားလိုက်ပြီး... နေရာသပ်သပ်မှာ ဝှက်ထားခဲ့တယ်။
"ရိပေါ်... လာဟ"
"လာပြီကွ"
လှည့်ကြည့်လှည့်ကြည့်လုပ်နေသေးတဲ့ ရိပေါ်က ကြောင်ကလေးကိုသံယောဇဉ်မပြတ်ဘဲရှိနေသေးတယ်။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။