ညိုညင်သွားမလားမသိပေမယ့်
စေတနာအရင်းခံလို့ ဖြစ်တည်ရတဲ့
ချစ်ခြင်းတရားရဲ့ စိုးထိတ်မှုတွေလေ ခင်ဗျားရယ်
•••••
ရိပေါ် နိုးလာတော့ မနေ့ကထက် ပိုအေးတဲ့ ရာသီဥတုကိုသတိထားမိတယ်။ အခန်းတံခါး ဖွင့်လိုက်တော့ ဧည့်ခန်းက လာတဲ့ တီတီ့ရဲ့ အသံလွင်လွင်ကို ကြားတယ်။
"အစ်မတူလေးက မနိုးသေးဘူးထင်တယ်... တူလေးသာပြောတယ် မောင်လေးလိုလည်းဟုတ်တယ်... "
တဖက်လူက ဘာမှ ပြန်ဖြေနေသံမကြား။
မဟုတ်မှ ကိုကိုလား။ ကိုကိုက သူတို့ဆီရောက်နေပြီလား။
"တီတီ... "
ဧည့်ခန်းထဲရောက်တော့ သူ့ကိုကျောပေးထားတဲ့ သူ။ ပြီးတော့ သူ့ကိုမြင်ပြီး ပြုံးတဲ့ တီတီ။
"ကလေးလေး... လာ တီတီ့ဘေးကို"
တီတီက သူ့ကိုလှမ်းကြည့်ပြီး ပြောတော့ ထိုကျောပြင်က လှည့်လာတယ်။
တကယ်ပဲ ကိုကိုဟုတ်နေခဲ့တယ်။
"ရိပေါ်... ဒါ လိဝေ သူငယ်ချင်းလေ... သူက ကလေးကိုသိတယ်တဲ့"
ကျောင်းက အကြောင်းတွေ သိပ်မသိတဲ့ တီတီက ရိပေါ်ဟာ ရှောင်းကျန့်ကို သိနှင့်ပြီးနေကြောင်း သူမ မသိခဲ့သေးဘူး။
"ရိပေါ်... အစ်ကိုက ရှောင်းကျန့်ပါ တွေ့ရတာ ဝမ်းသာပါတယ်"
ကိုကိုက မသိချင်ယောင်ဆောင်နေတယ်။ ရိပေါ်ရင်ထဲ တစ်မျိုးကြီးပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံးထိန်းပြီး ပြုံးပြရမှာ ဝတ္တရားတစ်ခုပဲလေ။
ကိုကိုက တစ်ခါတလေ နားလည်ရခက်တယ်။
ချစ်ခြင်းတရားရဲ့ အမြစ်တွယ်မှုက ကြာရှည်ပေမယ့် နေသားတကျမဖြစ်နေသေးဘူးလို့တော့ ရိပေါ်ဝန်ခံရမယ်။ ကိုကိုက ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲ။"ဟုတ်ကဲ့..."
ရိပေါ်အသံက သိသိသာသာတိန်ဝင်သွားသလိုပဲ။ ကိုကို့မျက်ဝန်းတွေက သူ့မျက်ဝန်းထဲ သိသိသာသာတိုးဝင်လာတယ်။
ချက်ချင်းလွှဲပစ်လိုက်တယ်။
မျက်ဝန်းတွေ... စုံမက်ဖွယ်ကောင်းလွန်းတဲ့ မျက်ဝန်းတွေဟာ ခြောက်ခြားစရာတွေချည်း။
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။