ချစ်ခြင်းမေတ္တာရဲ့ အဆိပ်အတောက်တွေက
နာကျင်ခြင်းရဲ့ အပိုင်းအစငယ်တွေ...။
•••
သွေးစို့နေတဲ့ဒဏ်ရာကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်ရတာ ရိပေါ်ပါပဲ။
ဘာဖြစ်လာတာလဲတော့ မမေးဖြစ်တော့ဘူး။ ပြတ်ရှလာပုံထောက်ရင်တော့ ကိုကို့လည်ပင်းကို တစ်ခုခု ထိစင်လာခဲ့ပုံပါပဲ။
ကိုကိုက အိမ်ရှေ့က အညိုရောင်ဆိုဖာခုံပေါ်မှာ ထိုင်ပြီး ခေါင်းကိုမော့ထားတော့ ကြည့်လို့သိပ်ကောင်းတဲ့ လည်ပင်းသွယ်သွယ်က ခပ်ထင်းထင်း။
ရိပေါ်ကတော့ စိတ်မချမ်းမြေ့စွာနဲ့ ဒဏ်ရာမှာ ထည့်တဲ့ cream လေးတစ်မျိုးကို လိမ်းသုတ်လို့ပေးတယ်။
တီတီက ပန်းတွေစိုက်တဲ့ သူ့သူငယ်ချင်းရဲ့ ခြံကို သွားလို့ အိမ်မှာရိပေါ်ပဲ ကျန်ခဲ့တာ...။ အလှမီးဝါဝါလေး ထွန်းထားတဲ့ အောက်မှာ ကိုကိုက ဆေးလိမ်းပေးတာကို ငြိမ်ငြိမ်သက်သက်ခံယူတယ်။
မျက်ရည်တွေတိတ်သွားပြီဖြစ်ပေမယ့် မျက်ဝန်းနက်ရဲ့ အတွင်းဆုံးထဲက နာကျင်မှုကို ရိပေါ်ြမင်ရပါတယ်။ သူက ချစ်နေရသူမဟုတ်လားလေ။
ရိပေါ်က ပလာစတာလေးကို ခပ်သာသာကပ်ပေးတယ်။ နာကျင်နေရခြင်းမှန်သမျှကို ပျောက်သွားစေချင်တယ်။"ဒဏ်ရာက သေးတယ်ထင်ရပေမယ့် သွေးအများကြီးထွက်ပုံရရင် နက်တယ်ထင်တယ် ကျန့်ကော... သေချာ ဂရုစိုက်လိုက်ဦးနော်"
"အင်း..."
"ကျွန်တော်...အာ ဘာစားပြီးသွားပြီလဲ"
ကိုကိုက ခေါင်းကိုငိုက်စိုက်ချလို့ အသာရမ်းတယ်။ ဘာမှမစားရသေးတဲ့ ကလေးသေးသေးလေးလိုမျိုး ပြုမူတယ်။
ရိပေါ်က အလိုက်တသိနဲ့ မီးဖိုချောင်ထဲ ဝင်သွားတယ်။
သူတို့နှစ်ဦးကျောင်းတက်တုန်းက ကိုကိုဟာ ရိပေါ် ထည့်လာတတ်တဲ့ ကြက်သွန်မြိတ်ကြက်ဥကြော်ကို အတော်ကြိုက်တယ်။ ဒါကို ရိပေါ်ရဲ့ ဦးနှောက်ကရော နှလုံးသားကပါ မှတ်မိနေခဲ့တယ်။
"ဟင်းတော့ မရှိဘူး ကျန့်ကောရ... တီတီက ညအိပ်သွားတာဆိုတော့... ဟင်းမချက်~"
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။