ပထမဆုံး ပွေ့ဖက်ခြင်း။
မညာတမ်း ဝန်ခံရမယ်ဆို နွေးထွေးတဲ့ ရင်ခွင်ကို ရှောင်းကျန့်က သိပ်တောင့်တနေခဲ့တာ။"ကျန့်အာ" တဲ့။
ကျဲကသာ သုံးနှုန်းလေးရှိတဲ့ နာမည်။ ဒါကို သုံးနှုန်းခေါ်ဆိုပြီး တောင်းပန်စကား တဖွဖွဆိုတဲ့ ပါး။
"နောင်တရဖို့ နောက်ကျနေမှန်းသိပေမယ့်"
"ပါး... နားဦး... ကျွန်တော် အိမ်ပြန်ပြီး ရေချိုးအင်္ကျီလဲဦးမယ်"
နှုတ်ဖျားက ထွက်မယ့်တောင်းပန်စကားတွေအတွက်။ မေတ္တာရပ်ခံခြင်းတွေကို လက်ခံဖို့အတွက် ရှောင်းကျန့် အဆင်သင့်မဖြစ်သေးဘူး။
"ကျဲ... ဂရုစိုက်လိုက်ဦး ။ ငါပြန်တော့မယ်"
"ကျဲရွှယ်လီ... ကျွန်တော်ဒါတွေထည့်ထားခဲ့ပြီ... မနက်ဖြန်မနက် ကျန့်ကော ဆေးရုံတက်မှပဲ လိုက်လာခဲ့တော့မယ်နော်"
ပါပါးကိုခေါင်းညိတ်နှုတ်ဆက်ရင်း ကိုကိုက သူ့ရှေ့က အရင်ထွက်သွားတယ်။
•
•
•
"ကိုကို... "
"အွန်း"
"လာ... ကျွန်တော့်ကိုမှီ"
ဘတ်စ်ကားပေါ်ရောက်တာနဲ့ သူ့ပုခုံးကိုငှားပေးတဲ့ ရိပေါ်။
ဘာမဆို အဆင်သင့်ရှိပေးနေခြင်းနဲ့ မှီခိုစရာ ပခုံးတစ်ဖက် အမြဲရှိနေခြင်းဆိုတာ ပျော်ရွှင်ဖွယ်အခိုက်အတန့်တွေပဲဖြစ်တယ်။
"ဗိုက်မဆာဘူးလား"
"နည်းနည်းတော့ ဆာသလိုပဲ"
"အွန်း..."
"အဝစားကြမလား... ညနေ အထိ ကိုကိုအများကြီးစားလို့ရသေးတယ် ခွဲစိတ်တာက သဘက်ခါမှဆိုတော့"
ပုခုံးပေါ်မှီထားတဲ့ ကိုကို့က သူ့လည်ပင်းကို နှာခေါင်းလေးနဲ့ တို့ထိနေတာကို ခံစားရတယ်။
စကားပြောလိုက်ရင်များ စုချွန်သွားတဲ့ နှုတ်ဖျားစိုစိုလေးတွေကို ရှောင်းကျန့် သဘောတကျငေးနေဖြစ်တယ်။
နှလုံးသားက လူရွေးပါတယ်။
ချေးထူတတ်တဲ့ နှလုံးသားက ဝမ်ရိပေါ်အနားမှာဆို နွေးနွေးထွေးထွေးခုန်နေတတ်တယ်။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။