အဖျားငွေ့ငွေ့ရှိနေသေးတဲ့ ကိုကိုက မျက်နှာလေးလည်း ချောင်လို့။
ရိပေါ်က သိသိသာသာစိတ်ပင်ပန်းရတယ်။ ကိုကို့ကို သိပ်သနားလို့ အရာရာခါးစည်းခံရတာ သူပဲဖြစ်ပေးလိုက်ချင်တယ်။
စာအုပ်ဆိုင်လေး ပိတ်ထားတယ်။
သူကိုကို့ဘေးမှာ အချိန်ပြည့်နေပြီး စောင့်ရှောက်ချင်လို့။
လိုအပ်ပါတယ်လို့ ဖွင့်ဟဝန်ခံထားတဲ့သူကို လျစ်လျူမရှူရက်ပါဘူး တကယ်။"ရိပေါ် ဒီနေ့ ဆိုင်ကိုမပိတ်ပါနဲ့"
ဆန်ပြုတ်ပူနေမှာစိုးလို့ မှုတ်ပေးနေတဲ့ ရိပေါ်။ ကုတင်ပေါ်က စောင်ပုံလေးထဲ ငုတ်တုတ်ထိုင်နေတဲ့ကိုကိုက သူခွံ့သမျှတော့စားတယ်။
"ကျန့်ကောက ပိုအရေးကြီးတာပဲ"
အငွေ့လှိုင်နေတဲ့ ဆန်ပြုတ်ကလေးမှာ ရိပေါ်က ချစ်ခြင်းမေတ္တာတွေထည့်ထားတယ်။
ဒါကို ခံစားစေချင်ပါတယ်။"မင်းကိုယ့်ကို အဲ့လောက်တောင် သဘောကျလား"
ကိုကိုက မေးတယ်။ သူဘယ်လိုဖြေရမယ်မသိဘူး။ အကြာကြီးလည်း မစဉ်းစားချင်တာကြောင့် မျက်လုံးချင်းဆုံပြီး ခေါင်းလေးညိတ်ပြရတယ်။
ဆန်ပြုတ်တစ်ပန်းကန်ကုန်တော့ ကိုကိုနားထင်စပ်မှာ ချွေးစေးလေးတွေ ပြန်တယ်။
"အစားစားလိုက်တော့ ချွေးထွက်တာနေမယ်... "
အင်္ကျီလက်ရှည်ဝတ်ထားတဲ့ ရိပေါ်က အင်္ကျီလက်နဲ့ ကိုကို့နားထင်ကို အသာလေးတို့ပေးလိုက်တယ်။
"ချွေးများရင် အင်္ကျီလဲမလား... ကော"
ကိုကိုက ခေါင်းညိတ်တယ်။
တီရှပ်ခပ်ပါးပါးလေးပဲ ဝတ်ထားတာမို့လို့ အလွယ်တကူဆွဲချွတ်လိုက်တယ်။
အင်္ကျီလဲလှယ်ခြင်းကိစ္စပြီးတဲ့နောက်မှာတော့ ရိပေါ်က လျှော်စရာတွေကို တစ်ဖက် ဆေးစရာတွေကို တစ်ဖက်ယူလို့ အခန်းထဲက ထွက်တယ်။
မထွက်ခင် စောင်ပါးပါးလေးခြုံပေးခဲ့ဖို့မမေ့။ နဖူးပြင်လေးကို ချွေးမတင်ဖို့ သပ်တင်ပေးခဲ့ရန်လည်းမမေ့။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။