5.

2.2K 266 6
                                    

လောကရဲ့ သဘာဝအရ

ချစ်ခြင်းတစ်ခုဟာ နာကျင်ရခြင်းရဲ့

ဆုလာဘ်များလား။

•••••

​ရိပေါ် ရင်တွေတုန်နေတယ်။ ကိုကိုက သူ့ဘေးမှာ။ ရိပေါ်ကားမမောင်းတတ်သေးတဲ့ အကြောင်းပြချက်နဲ့ တီတီက အကူအညီတောင်းတယ်။ သူ့ကားကိုမောင်းပေးဖို့။

ရိပေါ် တုံဟွားရွာကို သွားရဖို့ရှိတယ်။ ဒါကလည်း တီတီ့အတွက် နှင်းဆီပျိုးပင်တွေသွားယူဖို့ပါပဲ။

တီတီက သွားယူနေကျဖြစ်နေပေမယ့် ဒီတစ်ခေါက်မှာ နေမကောင်းတော့ ရိပေါ်တစ်ယောက်တည်းသွားဖို့ဖြစ်လာတယ်။

ကံကောင်းချင်တော့လည်း ကားမောင်းပေးဖို့ ကိုကိုက အဆင်သင့်ရှိနေတယ်။ အကူအညီတော့ တောင်းရတာပဲ။

ကားဘီးက တစ်လှိမ့်လှိမ့်ရွေ့နေပေမယ့် ကားထဲက လေထုဟာ ငြိမ်သက်အေးဆေးနေတယ်။

"လက်က သက်သာသွားပြီလား"

မျက်မှောင်ကြီးကျုံ့ပြီး ကားမောင်းနေတဲ့ ကိုကိုဟာ သူ့အမေးကို ခေါင်းညိတ်ပြီးသာပြန်ဖြေတယ်။

ကိုကိုက ကားမောင်းနေတဲ့အခါ သိပ်ကြည့်ကောင်းလွန်းလို့ရိပေါ် ဘယ်လို အသက်ရှူရမလဲတောင် မေ့နေဖြစ်တယ်။

"ကျေးဇူးတင်ပါတယ်"

"အင်း... "

စကားမရှိစကားရှာပြောဖြစ်ပေမယ့် ပြန်ရတာက ခပ်အေးအေးစကားလုံးတွေသာဖြစ်တယ်။

ချစ်ရသူက အဲ့သလောက်ထိ တုံးတိတိနဲ့ အေးစက်စက်နိုင်လွန်းသေးတယ်။

•••••

"ရိပေါ်လား... သားရေ... မင်းတီတီရော"

"တီတီက မအားလို့ရယ်... ဒီမှာ သူမှာထားတဲ့ မျိုးစေ့နဲ့ ပျိုးပင်တွေ"

ကားပေါ်က ဆင်းတာနဲ့ အရပ်အမောင်းလည်းကောင်းသလို ဝဝပြည့်ပြည့် အန်တီက တုံဟွားရွာက တီတီ့ရဲ့ သူငယ်ချင်း ချင်ချင်။

"ဟိုမှာ သားရေ... အဲ့အပင်တွေပဲ အားရီ သူဖုန်းဆက်မှာကတည်းက သက်သက်ခွဲထားပြီးသား"

ရိပေါ်လည်း ပန်းအိုးတွေဖက်သွားလိုက်တယ်။ ကိုကိုကတော့ ကားပေါ်ကနေဆင်းမလာခဲ့။

Pieces of Hurt Where stories live. Discover now