အေးစက်စက် နှလုံးသားက
နွေးထွေးဖို့ လိုအပ်နေတဲ့အခါ...
•••••နှင်းတွေ ဝေတဲ့ နေ့တစ်နေ့ဖြစ်တယ်။
ကျောင်းသွားတဲ့လမ်းတစ်လျှောက်မှာ ဆောင်းလေအေးအေးဟာ ခိုက်ခိုက်တုန်အောင်တိုက်ခတ်နေတယ်။
လက်ကလေးပိုက်ပြီး ခြေလှမ်းတွေကို သွက်သွက်လျှောက်မိတာက အအေးဒဏ်ကို နည်းနည်းသက်သာသွားစေသလိုပဲ။
လက်လုပ်ပေါင်မုန့်သည်အဒေါ်ကြီးတောင် ဒီနေ့ ဦးထုပ်ထူထူနဲ့မို့ ရာသီဥတုက မနေ့ကထက် ပိုအေးနေမှန်းရိပေါ် သတိထားမိတယ်။
"မယူတော့ဘူးလား ကလေး"
"ဒီနေ့ မုန့်စားလာလို့ဗျ"
လက်ပြပြီး ကျောင်းထဲ ပြေးဝင်လိုက်တယ်။ အားနာလိုက်တာ... နောက်နေ့တော့ တီတီ့ကို မနက်စာ မစားမယ့်အကြောင်း ပြောပြထားရမယ်။
"မှီိ မှီ မှီ... လာ လာ လာ "
အတန်းမတက်ခင် ကျောင်းဂိတ်အဝင်နားက လူနည်းနည်းရှင်းတဲ့နေရာရဲ့ခုံတန်းတွေမှာ ရိပေါ်က ထိုင်လေ့ရှိတယ်။ ဒီနေရာက ဆိတ်ငြိမ်တယ်။ တီတီ လက်ဆောင်ပေးထားတဲ့ mp4 player လေးက သီချင်းသံကို ဖောက်ထွက်ပြီး လူတစ်ယောက်ရဲ့ အသံက နားစည်ကိုရိုက်ခတ်လာတယ်။
ကျောင်းသားလေးက အတန်းတက်ရမှာပျင်းတယ်။
ကျောင်းသားလေးက စာပေအတန်းမှသာစိတ်ဝင်စားတတ်လေ့ရှိတယ်။
ကျောင်းသားလေးက သူတစ်ပါးကို ကူညီချင်တယ်။"မှီ မှီ မှီ... ကလေးလေးရေ... ကျွတ်စ် ဘယ်ရောက်သွားလဲကွာ"
အသံခပ်ဩဩကလေးဟာ တိုးတိုးတိတ်တိတ်ကလေး တိမ်ဝင်သွားတယ်။
"ကြောင်လေးပျောက်သွားလို့လားဟင်"
သူ့အသံကိုလှည့်ကြည့်တဲ့ မျက်ဝန်းတွေ။
လှလိုက်တာ။ ဒီအစ်ကိုကြီးရဲ့ မျက်ဝန်းတွေဟာ သိပ်လှတာပဲ။ ဇာမဏီငှက်ရဲ့ ဖြန့်ကျက်ထားတဲ့ အတောင်ပံတွေလို မျက်ဝန်းတွေ။ ခပ်ရဲရဲမျက်ဝန်းတွေမှာ မျက်ရည်တစ်ချို့ အိစက်နေတယ်။
"ခုနကလေးတင်ရှိသေးတယ်"
"ဘာအရောင်လေးလဲဟင်"
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။