မလွတ်မြောက်ခြင်းတွေပေါ့
ထပ်ခါတလဲလဲ ပတ်ပြေးနေပေမယ့်
အဖန်ဖန်ပြန်ပိတ်မိနေတဲ့ ဝင်္ကပါကို ခင်ဗျားလို့ ခေါင်းစဉ်တပ်ပါ့မယ်။
•••••
ရှောင်းကျန့်က ရိပေါ်ကို စကားမပြောပြန်ဘူး။ ယွမ်ယွမ်ကလည်း ဆိုင်ကို တစ်ပတ်တစ်ခါလောက်ရောက်အောင်လာတတ်တယ်။
စိတ်နှလုံးသား နူးညံ့တဲ့ ယွမ်ယွမ်က အမွှေးဖယောင်းတိုင် သဘောကျတတ်တဲ့ ရိပေါ်ကို လက်ဆောင်လေးတွေယူလာတတ်တယ်။
အမှန်တော့ ယွမ်ယွမ်က အမွှေးဖယောင်းတိုင်သဘောကျတတ်တာ သူမဟုတ်မှန်းမှမသိခဲ့တာ။
"ကျန့်ကော... "
ဆိုင်မှာ လူပါးတုန်း ယွမ်ယွမ်ရောက်လာတာမို့ ကောင်တာရှေ့က စားပွဲလေးမှာ ထိုင်စကားပြောနေတာဖြစ်တယ်။ အဲ့ဒီ့အချိန်ကိုကိုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပဲ။
ယွမ်ယွမ်ကိုမြင်တော့ အလိုမကျသလိုဖြစ်သွားတဲ့ မျက်နှာရိပ်ကို ရိပေါ်က ဖမ်းမိလိုက်တယ်။
"ကျန့်ကော... ဒါ ယွမ်ယွမ်ပါ... ကျွန်တော့ သူငယ်ချင်း"
ရိပေါ်က မိတ်ဆက်ပေးတော့ ယွမ်ယွမ်က လက်တွေကမ်းပေးတယ်။
"ရန်ကျောင်းယွမ်ပါ"
ကိုကိုက ဘာမှမပြောဘူး။
တစက်လေးမှတောင် မရယ်ပြဘဲ ဆိုင်အတွင်းထဲဝင်သွားတယ်။ ကဗျာစာအုပ်တွေထားတဲ့ဆီကို။"ယွမ်ယွမ်... သူက အဲ့လိုပဲ"
"ချောတယ်နော်... နင့်အစ်ကိုလား"
"အင်း... အစ်ကိုလို... အင်း အစ်ကိုပါ"
ရိပေါ်က ဘာဆက်ပြောရမှန်းမသိဘူး။ ဒါနဲ့ပဲ အစ်ကိုလို ရပ်ချလိုက်တယ်။
"ရိပေါ် ဒါဆို ငါသွားဦးမယ်... ဒီဟာကို အိပ်မပျော်ရင် ထွန်းကြည့်သိလား... အထောက်အကူပြုလိမ့်မယ်"
"အွန်း ဟုတ်ပြီ... ဂရုစိုက်ပြီးပြန်နော်"
"တာ့တာရိပေါ်"
ယွမ်ယွမ်က သူလွယ်နေကျ ဘေးလွယ်အိတ်ကို စလွယ်သိုင်းပြီး ကျားယားတဲ့ခြေလှမ်းတွေနဲ့ ထွက်သွားတယ်။
![](https://img.wattpad.com/cover/295599498-288-k622992.jpg)
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။