မောင့်အသည်းခြွေတဲ့ ပန်း par(1)

33.1K 398 0
                                    

      💔 မောင့်အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (1)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

အချိန်သည်ကာ ညဥ့်ဆယ့်နှစ်နာရီခန့်.....

Gold Night Club အထက်လွှာလူတန်းစားတို့၏ သားသမီးတွေအတွက်ရည်ရွယ်၍ ဖွင့်ထားသည့်အလား.... ထို ကလပ်အတွင်းမှာ
ပျော်ပါးမြူးတူးနေကျသည့် လူငယ်များအာ
းလုံးသည် အရာကြီးများ၊သူဌေးကြီးများ၊
လုပ်ငန်းရှင်ကြီးများတို့၏ သားသမီးများ
သာဖြစ်ကျ၏။ပျော်ပါးနေကျသည်က အပူ အပင်ကင်းစွာဖြင့်....

တချို့ကလည်း သူတို့လူတွေနဲ့သူတို့သောက် စား ​ရယ်မောရင်းနဲ့ စကားတွေ ပြောဆိုနေ ကျသည်က မကုန်မခမ်းနိုင်ဖြင့်..၊ကလပ်ထဲ
ကခုန်ခြင်းလည်းမရှိ၊စကားတွေလည်းဖောင်
ဖွဲ့၍ ပြောဆိုချင်းမရှိဘဲ...စားပွဲဝိုင်းတစ်ခုမှာ အရက်ကိုသာဇိမ်ခံသောက်နေတဲ့၊လူငယ်နှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်လည်းရှိသည်။သူတို့ကတော့...

မိုင်း... သူကတော့ မြို့မျက်နှာဖုံးဖြစ်တဲ့ သူဌေးကြီးဦးမိုးမြတ်ရဲ့တစ်ဦးတည်းသော
သား ဘုန်းနေမိုင်း​ ဖြစ်သည်။ကျန်တစ်ယော
က်ကတော့.. ဘုန်းနေမိုင်း ရဲ့ အချစ်ဆုံးသူင
ယ်ချင်း ပိုင်ဆက် ပဲ ဖြစ်သည်။နောက်တစ်ယောက်ကတော့.. ပိုင်ဆက်​ဖြစ်သည်။ကျန်
မိန်းကလေးကတော့.. ပိုင်ဆက် ချစ်သူကော
င်မလေး ခေတ်တို့ဖြစ်သည်။

" ဟူး... "

ကာ​လာစုံမီးရောင်အောက်မှာ မြူးကြွတဲ့ DJသံစဥ်ဖြင့် ကိုယ်ခန္ဓာတွေကို လှုပ်ယမ်း၍ ကနေကျတဲ့ လူတွေနဲ့... မူးစပြုနေပြီဖြစ်တဲ့ သူငယ်ချင်းတွေကို တစ်ချက်ကြည့်ပြီး ပျော်
ရွှင်မှုမဖြစ်ဘဲ စိတ်ညစ်ညူးမှုသာဖြစ်နေတာ
မို့.. မိုင်း လေပူမှုတ်လိုက်မိသည်။

စကားပြောသံ၊DJသံ အော်ဟစ်ကခုန်သံတွေ
နဲ့ ဆူညံနေတဲ့ ထိုနေရာမှာ ဆက်မနေချင်တော့တဲ့ မိုင်း... သောက်လက်စ အရက်ခွက်ကို ရှေ့စားပွဲပေါ်၌ ချလိုက်သည်။ တစ်ဆက်ထဲမှာပဲ နေရာမှထလိုက်သည်က အိမ်ကိုပြန်ဖို့အတွေးနဲ့....

" မိုင်း ပြန်တော့မလို့လားကွ "

မိုင်း နေရာမှ ထတော့... ကနေတဲ့သူငယ်ချင်း
တွေအထဲမှာမပါတဲ့... ချစ်သူကောင်မလေးကိုဖက်ကာ အတူထိုင်သောက်နေတဲ့ သူငယ် ချင်းပိုင်ဆက် က မိုင်း ကို မော့ကြည့်ပြီးမေး
လာသည်။

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now